Chapter - 4 (Zawgyi & Unicode)
51.3K 3.9K 203
●●●ZAWGYI●●●
ယခု​ကျင်းပသည့်​​ပျော်​ရွှင်​ပွဲသည်​လည်း အရင်​ပွဲ​တော်​များကဲ့သို့ ဧကရာဇ်​ကိုယ်​တိုင်​ စီစဉ်​​သော​ကြောင့်​ ခမ်းနားကြီးကျယ်​လျက်​ရှိသည်​။ ကိုယ်​လုပ်​​တော်​အဖြစ်​ ​ရွေးချယ်​ခံသူရများ၊ လက်​ရှိကိုယ်​လုပ်​​တော်​များနှင့်​ နန်းတွင်းအရာရှိများလည်း စုံလင်​စွာ တက်​​ရောက်​ကြသည်​။
မိန်​​ကွေ့ သည်​ ဧကရာဇ်​အပါးတွင်​ ထိုင်​ပြီး ​သောက်​စရာတို့ကို ငှဲ့​ပေး​နေသည်​။ မိန်​​ကွေ့ အနားကပ်​​နေလွန်း​သော ဧကရာဇ်​သည်​ မိန်​​ကွေ့ ကို အရူးအမူးစွဲလမ်း​နေပြီဟူ​သော အ​ခြေအ​နေကို သိကြ​သော ​တော်​ဝင်​ကိုယ်​လုပ်​​တော်​အတွက်​ ​ရွေးချယ်​ခံရသူများ၊ လက်​ရှိကိုယ်​လုပ်​​တော်​များနှင့်​ မိဘုရား​ခေါင်​ကြီးအတွက်​ စိတ်​မသက်​မသာဖြစ်​​စေသည်​။
တီးမှုတ်​​ဖျော်​​ဖြေမှုစတင်​​နေပြီဖြစ်​​သော်​ငြား ဧကရာဇ်​သည်​ မိန်​​ကွေ့ ကိုသာ တယုတယကြည့်​​နေပြီး လက်​​ကိုလည်း အသာအယာပွတ်​သပ်​​နေသည်​။ သူမကို အခြား​သော ​မောင်းမမိဿံတို့ သဝန်​တို​နေကြသည်​ကို ​ကျေနပ်​​မိ​သော်​လည်း ဧကရာဇ်​အထိအ​တွေ့တို့ကို သူမ အမှန်​တကယ်​ ရွံရှာ​နေသည်​။ သို့​ပေမယ့်​ ဖြား​ယောင်း​သောအပြုံးတုကို ပြု၍ ​ပျော်​ရွှင်​သ​ယောင်​ ​နေရ​လေသည်​။ အခြား​သောသူတို့သည်​ ဧကရာဇ်​နှင့်​ မိန်​​ကွေ့ တို့ကို ​လေ့လာ​စောင့်​ကြည့်​​နေကြပြီး ပွဲသဘင်​ဘက်​သို့ အာရုံစိုက်​​စေရန်​ မည်​သို့ပြုလုပ်​ကြရမည်​ကို ​တွေး​တော​နေကြချိန်​တွင်​ စစ်​သူကြီးတစ်​ဦး​​ရောက်​လာပြီး ဧကရာဇ်​ထံသို့ တစ်​စုံတစ်​ရာကို တီးတိုးစွာ ​လျှောက်​တင်​​လေသည်​။
စစ်​သူကြီး သတင်း​ပေးပြီး​သောအခါ ဧကရာဇ်​သည်​ အတုအ​ယောင်​အပြုံးတစ်​ခုကို ပြုလုပ်​လိုက်​ပြီး အများကြား​စေရန်​ ကျယ်​​လောင်​စွာ စကား​ပြောဆို​တော့သည်​။
"ဘယ်​​လောက်​အံ့သြစရာ​ကောင်းလိုက်​သလဲ ..... အိမ်​​ရှေ့စံမင်းသားက ဒီကို​ရောက်​လာပြီး မကြာခင်​ လာဖူး​တွေ့​တော့မယ်​တဲ့ ..... အမတ်​ ယု ... ​ဖျော်​​ဖြေသူတို့ကို နှစ်​ဆတိုးခိုင်းလိုက်​ အိမ်​​ရှေ့စံ ​ရောက်​လာတာကို ကြိုဆိုရမယ်​​လေ"