Extra 💕💕💕

Start from the beginning
                                        

------------------------
ရှိုင်းpov

ကိုကို ဆိုတာလေ အရမ်းကိုအနိုင်ကျင့်တဲ့သူ....
ခုပဲကြည့်လေ ကျွန်တော့်ကို အိမ်မှာထားသွားပြန်ပြီ။မိုမိုလေး မမွေးခင်က ကျွန်တော်အလုပ်တွေမသင်ခဲ့တာ တော်တော့်ကိုမှားယွင်းမှုကြီးတစ်ခုပဲ။အခုကျွန်တော် အလုပ်အကြောင်းဘာမှမသိတော့ အိမ်မှာပဲကပ်ပြီး ကလေးထိန်းနေရပြီ။ကိုကိုဟာလေ တော်တော် တစ်ကိုယ်ကောင်းဆန်တဲ့သူ ကိုယ်ချင်းမစာဘူး။ကလေးတစ်ယောက်ထိန်းရတာ ဘယ်လောက်ခက်တယ်ထင်လဲ။အဲ့ကလေးရဲ့ ခြေအစခေါင်းအဆုံးကို ဂရုစိုက်နေရတာ။ဒါတောင်ကလေး နေမကောင်းတဲ့အချိန်မပါသေးဘူး။မိုမိုလေးက ကျန်းမာတယ်ဆိုပေမဲ့ တခါတလေတော့လည်း ကျောပူခေါင်းပူထရင် ကျွန်တော်ဘာလုပ်လို့လုပ်ရမှန်းမသိဘူးလေ။ကိုကိုက ကလေးပဲလိုချင်တာ ထိန်းချင်တာမဟုတ်ဘူး။သူအိမ်ပြန်ရောက်လို့ မိုမို့အကြောင်းပြန်ပြောရင်လည်း အပူကပ်တယ်ကလုပ်သေး။တကယ့်ကိုမကောင်းတဲ့ကိုကိုရယ်ပါ။တစ်ခါတစ်လေ မိုမိုလေးကိုဗိုက်ထဲတောင်ပြန်ဝင်ခိုင်းစေချင်တယ်ဆို ကျွန်တော်လွန်မလား။ဘာလို့ဆို မိုမိုလေး မွေးပြီးကထဲက ကိုကိုက ကျွန်တော့်နားသိပ်ကပ်တာမဟုတ်ဘူး။မိုမိုလေးနားပဲ ကလူကျီစယ်နေတာ။တစ်ခါတစ်လေ မုန်းဖို့တောင်ကောင်းတယ်။ကျွန်တော် လက်ထပ်ပြီးခါစကလို ကိုကို့ကိုချွဲပြန်ရင်လည်း ကလေးနဲ့ပြိုင်နေတယ်တဲ့။ဒါပဲလေ ယောကျ်ားတွေများ လိုချင်တာရပြီးရင် ပြီးပြီးရောပစ်ထားကြတာ။ယောကျ်ားဆိုလို့ ကျွန်တော်လည်းယောကျ်ားပေမဲ့ အဲ့လိုယောကျ်ားတွေထဲ ကျွန်တော်မပါဘူးနော် ။ကျွန်တော်က ကိုကို့ ကိုရိုးမသွားတဲ့အချစ်တွေနဲ့ ချစ်နေရတဲ့သူပါ။ကိုကိုသာ အချစ်တွေပေါ့လာတာ။အဲ့လိုပြောပြန်ရင်လည်း ကကေ ကိုယ့်အချစ်ဆုံး ထာဝရ အပိုင်တဲ့။တော်တော်အပြောကောင်းတဲ့သူ။အဲ့အပြောတွေကြောင့်ပဲ ဒီလူကြီးကိုမမုန်းနိုင်ချစ်နေရတဲ့ ကျွန်တော်ရယ်ပါ။ကျွန်တော်သနားစရာကောင်းတယ်မလားဟင်။ခုလည်းကြည့် မိုမိုလေး ဂျစ်တိုက်နေပြန်ပြီ။ကဲ ပြောတာလည်းကြာနေပြီ ကျွန်တော်ကလေးသွားထိန်းလိုက်ဦးမယ် bye~~~~~~~

-----------------------
နွေဦးဝင်စမို့ ပူအိုက်အိုက်ရာသီဥတုကြီးက ဇင်ဘုန်းထိုက်ကိုနှိပ်စက်လို့နေပြန်တယ်။

သိပ်ချစ်ရတဲ့....သူ❤❤Where stories live. Discover now