"ကိုကိုရေ ကိုကို လာပါဦး"
"ဘာလို့လဲ ရှိုင်းရဲ့ "
"ဒီမှာလေ မိုမိုလေး အီအီးတွေပါထားလို့ "
"အာ ရှိုင်းကလည်းကွာ
ရှိုင်းပဲရေဆေးပေးလိုက်တော့လေ "
"မရဘူး ရှိုင်း ရွံတတ်တာ ကိုကိုသိရက်နဲ့
ကိုကို လာလုပ် "
"ရှိုင်းမဆိုးနဲ့ကွာ ကိုကိုကအခု အလုပ်သွားရတော့မှာလေ မိုမို့ရဲ့ အီအီးတွေ ပေကုန်ရင်ရေပြန်ချိုးနေရဦးမှာ အချစ်လေးက လိမ္မာပါတယ်ကွာ ကလေးပဲလုပ်လိုက်နော် "
"ဟာ ကိုကို မသိဘူးကွာ မိုမိုလေးကိုမမွေးခင်က ကိုကိုပဲအစစ အရာရာလုပ်ပါ့မယ်ဆို မရဘူး ကိုကိုလာလုပ်"
"ကလေးရာမဆိုးပါနဲ့ကွာ ကိုကို ရေပြန်မချိုးချင်တော့ဘူး "
"ရတယ်လေ အဲ့တာဆို ဒီတိုင်းထားလိုက်မယ်
အအေးပဲပက်ပက် အီးပဲပေပေ ထားလိုက်တော့မယ် "
"ကဲ ရှိုင်း ကိုကိုပြောနေတယ်လေကွာ လိမ္မာပါတယ်နော် ကိုကိုအပြန်ကျရင် ကလေးအတွက်မုန့်တွေအများကြီးဝယ်လာခဲ့မယ်လေ ဟုတ်ပြီလား"
ရှိုင်းမျက်စောင်းလေးတစ်ချက်ထိုးကာ
"ဟွန်း ထားပါလေ
မိုမို့ မျက်နှာကြောင့်အလျှော့ပေးလိုက်တာ
နောက်မို့ဆို ဒီတိုင်းပစ်ထားလိုက်တယ် 😏"
"ဟုတ်ပါပြီဗျ ကိုကိုသွားမယ်နော်
တံခါးတွေလုံအောင်ပိတ်နော် မိုမိုလေးကိုလည်းဂရုစိုက် ချစ်တယ်နော် "
"အင်း အင်း ဂရုစိုက်ပြီးလည်းသွားဦး
တာတာ့ ချစ်တယ်"
"တာ့တာ တာ့တာ"
စစ်သွေးတစ်ယောက် သူတို့နေအိမ်လေးကိုကျောခိုင်းကာ ထွက်လာတော့သည်။
------------------------
စစ်သွေး pov....
ကဲ အဲ့တာပဲကြည့် ကျွန်တော်နဲ့ရှိုင်း အိမ်ထောင်ကျပြီးတာပဲ ၂နှစ်ကျော် ၃နှစ်နီးပါးရှိနေပြီ ခုထိရှိုင်းက ကလေးလေးတစ်ယောက်လို ကျွန်တော့်မျက်လုံးထဲမှာချစ်ဖို့ကောင်းနေတုန်းပဲ။ကျွန်တော်နဲ့ သူ လွန်ခဲ့တဲ့တစ်နှစ်လောက်က ဖန်ပြွန်သန္ဓေသားနဲ့ အငှါးကိုယ်ဝန်ဆောင်ပြီး မိုမိုလေးကိုမွေးခဲ့တယ်။ ခုဆို မိုမိုလေးတောင် ၄လဖြစ်နေပြီလေ ။ဖန်ပြွန်သန္ဓေသားနဲ့မွေးတယ်ဆိုပေမယ့် အခြားကလေးတွေလို မချူချာပဲ မိုမိုလေးက အရမ်းကျန်းမာရေးကောင်းတယ်။ ကျွန်တော်တို့နှစ်ယောက်အတွက် ဒါဟာ ကံကောင်းခြင်းတစ်ခုလို့ပဲ ဆိုရမှာပေါ့ ။ ရှိုင်းရဲ့ အငွေ့အသက်လေးတွေမက ခုကျွန်တော်တို့သားလေး မိုမိုရဲ့ အငွေ့အသက်လေးတွေရှိနေတဲ့ ဒီအိမ်လေးကို ကျွန်တော် အရာအားလုံးထက်ခုံမင်နေမိတာ အမှန်။ကျွန်တော်အခု မိသားစုဆိုတဲ့စကားစုလေးရဲ့ အဓိပ္ပာယ်ကို ပြည့်ပြည့်ဝဝကြီးခံစားနေရပါပြီ။ကျွန်တော်ငယ်ငယ်က မရခဲ့တဲ့ မိသားစုဆိုတဲ့ပျော်ရွှင်မှာလေးကို ကျွန်တော်ကိုယ်တိုင်ဖန်တီးနိုင်နေပြီလေ။ဒါဟာ ကျွန်တော့်ဘဝမှာ အမြဲတမ်းလိုအပ်နေတဲ့ မေတ္တာတရားလေးပါပဲ။ခုဆို မိုမိုလေးရော ရှိုင်းအတွက်ပါ ကျွန်တော်အလုပ်ပိုကြိုးစားရတော့မယ်လေ။ဒါကတော့ အိမ်ထောင်ဦးစီးတွေရဲ့တာဝန်ပဲ မဟုတ်လား။ရှိုင်းကလည်း အိမ်မှုကိစ္စတွေ ကောင်းကောင်းနိုင်နင်းနေပြီလေ။
အိမ်မှုကိစ္စတွေနိုင်နင်းနေပြီဆိုလိူ့ အထင်မကြီးလိုက်ပါနဲ့ ။သူအိမ်မှုကိစ္စလုပ်တယ်ဆိုတာ မိုမိုလေးကိုထိန်း တီလေးခေါ်ပေးထားတဲ့ ထမင်းချက်က ချက်ထားသမျှကို အသင့်စား ကျွန်တော်ပြန်လာရင် ထမင်းခူးပေး အိမ်မှာရှိသမျှအခွေတွေကိုထိုင်ကြည့် ။ကျွန်တော့်ကို ချွဲ ချွဲလို့မရရင် စိတ်ကောက်ရတာကတော့ သူ့အလုပ်တွေပါပဲ။ဒါပေမဲ့လည်း ကျွန်တော်ကိုက ဒီမလိမ်မိုး မလိမ္မာလေးကို ချစ်လို့ကိုမဝတာ။ခုလည်း ကျွန်တော်အလုပ်သာသွားနေရတာ အိမ်ပြန်ရောက်ရင် ဘာတွေဘယ်လိုတိုင်ပြီး ကပ်ချွဲဦးမလဲဆို စဉ်းစားရင်းပေါ့~~~~~~~
