ကြိုး-2

Start from the beginning
                                    

"Yuri ရယ်​"

ပါး​ပေါ်က ပူ​နွေး​နွေးခံစားချက်​တချို​။
ကျွန်​မမျက်​ရည်​လွယ်​သည့်​ သူမဟုတ်​ပါဘူး။
သူ့​ကြောင့်​ကလွဲရင်​​ပေါ့။

မ​နေ့က​ပြန်​​ရောက်​​ရောက်​ချင်း အဝတ်​အစား
မလဲပဲ ​ရေစိုကြီးနှင့်​ အိပ်​ခဲ့သည်​​လေ။ဘယ်
လောက်​​တောင်​ရိုက်​ချင်​စရာ​ကောင်းလဲ။သူ
ဖျားရင်​သတိလစ်​တတ်​သည်​မှာ ခနခနမို့ သိပ်
တော့မခံစားရပါ။သို့​သော်​ အသိစိတ်​ဝင်​လိုက်
မဝင်​လိုက်​ဖြစ်​တတ်​သည့်​ သူ့ပုံစံကိုမြင်​တိုင်း
ရင်​ထဲကနာကျင်​မှုမှာ ကျင့်​သားမရ​သေး။

ရေစိုအဝတ်​အစား​တွေကိုလဲ​ပေးပြီး​တော့ အပူ
ကျ​စေဖို့ ​ရေဝတ်​တိုက်​​ပေးလိုက်​သည်​။သူ​နေ
မ​ကောင်းရင်အသားကပူကျစ်​​နေ​သော်​လဲ
ချမ်းတယ်​ဟုအမြဲ​ပြောတတ်​သည်​။ထိုအခါမျိုး
တွင်​ကျွန်​မမှာ သူ့​ဘေးနားဝင်​လှဲကာ သူ့ကိုယ်​လုံး​လေးကို သိမ်းကျုံး​ပွေ့ဖက်​လျက်​ ရင်​ခွင်​ထဲ
ထည့်​ထား​ပေးသည်​။အဲ့ဒီလိုလုပ်​​ပေးလိုက်​ရင်
သူ မညည်း​တော့ဘဲ ​နှစ်​နှစ်​ခြိုက်​ခြိုက်​အိပ်​​ပျော်​သွားတတ်​သည်​။ထူးဆန်းသည်​က တခါမှအဖျားမကူးခဲ့ဖူးပါ။သို့ရာတွင်​ကျွန်​မတို့နှစ်
ယောက်​မှာ ​သူစိမ်းဟုပင်​ သတ်​မှတ်​​ခေါ်ရ
လောက်​​အောင်​ အ​နေ​ဝေး​နေကြသဖြင့်​ ထိုသို့
မလုပ်​​ပေးချင်​ပါ။သူ​တောင်​​နေနိုင်​​သေးတာပဲ။
ကျွန်​မက ဘာလို့မ​နေနိုင်​ရမှာလဲ။

"အင်း.."

ချမ်း​နေပြီထင်​ပါရဲ့။ထွေး​ပွေ့​ပေးလိုစိတ်​ကို ကြိတ်
မှိတ်​မျိုသိပ်​​နေမိသည်​။

"ချမ်း..တယ်​........အား"

ကျွန်​မ မ​နေနိုင်​​တော့ပါ။ကုတင်​​ပေါ်ဝင်​လှဲပြီး
ပွေ့ဖက်​ထားလိုက်​​တော့ ကျွန်​မရင်​ခွင်​ထဲကို ပိုမို
တိုးဝင်​လာသည်​။နဖူး​လေးကိုအသာအယာ
နမ်းလိုက်​ပြီး စိတ်​အစဉ်​မှာ အတိတ်​ဆီသို့
လွင့်​​မျောလျက်
................................................................

"Yoona ဘယ်​သွားမလို့လဲ"
ရှိသမျှအရုပ်​​တွေတ​ပွေ့တပိုက်​ကြီးနဲ့အပြင်​ထွက်
ဖို့ပြင်​​နေ​သော Yoonaကို သူ့Omma ကလှမ်း
မေးလိုက်​သည်​။

ကြိုးWhere stories live. Discover now