လင်းသစ်စိုးထက်
ကျွန်တော်ပြန်မလာချင်တဲ့ မြန်မာနိုင်ငံကို ပြန်လာခဲ့ရပြီ။ ၅ နှစ် လုံးလုံး အဆက်အသွယ် မလုပ်တဲ့ မိဘ တွေက အခုမှ ပြန်လာဖို့ ခေါ်ရတာ ဘာကြောင့်လည်း။ အဟက် ကျွန်တော် မုန်းလိုက်တာ အားလုံးကို။ အရာ အားလုံးက သူကြောင့်ဖြစ်ခဲ့ရတာ။ သူဆိုတာ ကျွန်တော် အသက်ထက်မက ချစ်ခဲ့ရသူ။ သူ့ကို မုန်းလားဆိုတော့ မမုန်းနိုင်ဘူး။ သူ့အကြောင်းတွေးရင် ရင်ဘက်က အလိုလို အောင့်လာတယ်။ သူ့ ကျွန်တော့် လမ်းခွဲ ခဲ့တာ အခုထိ မယုံနိုင်သေးဘူး။မိဘတွေကလည်း အမွေပြတ် စွန့်လွှတ်ပြီး မှ အခုမှ ထိုင်း ထိ လူလွှတ်ပြီး ခေါ်တာ ဘာကြောင့်လည်း။ ကျွန်တော်ဘယ်လောက်ထိ တွေးနေလည်းမသိဘူး။ လေယာဉ်မယ်လေး လာပြောမှ လက်ရှိအချိန်ကို ပြန်ရောက်တယ်။ လေယာဉ်ပေါ်ကနေ ကျွန်တော့် ကျောပိုးအိတ်လေး လွယ်ပြီး ဆင်းလာခဲ့တယ်။ လေယာဉ်ကွင်း စင်္ကြံမှာ လူတစ်ယောက်နဲ့တိုက်မိပြီး ကြည့်လိုက်တော့ သူဖြစ်နေတယ်။
"Sorry နော် အကို မမြင်လိုက်လို့"
"ရပါတယ် ကျွန်တော်လည်း မမြင်လိုက်လို့ပါ"
ကျွန်တော် ထွက်သွားမယ်အလုပ် ကျွန်တော့်လက်ကို သူက လှမ်းဆွဲတယ်"ခနလေး ညီ၊ ညီက လင်းသစ်စိုးထက် လား?"
"ကျွန်တော့်ကို မှတ်မိပေးလို့ ကျေးဇူးတင်ပါတယ် ဦးသူရိန်ရှင်းပိုင်။ နောက်ဆို လမ်းမှာ တွေ့ရင် ကျွန်တော့်ကို မခေါ်ပါနဲ့လား။ ခင်ဗျားရဲ့ ဂုဏ်သိက္ခာတွေ ကျဆင်းကုန်မယ်။ ကျွန်တော့်ကို သွားခွင့်ပြုပါအုံး"
ကျွန်တော် သူ့ရှေ့ကနေ ထွက်ခဲ့တယ်။ ပါးပြင်ပေါ်ကို မျက်ရည် တစ်ပွင့်ကြွေကျခဲ့တာကို ရပ်ကြည့်မေတဲ့ ကောင်လေးကတော့ မသိရှာခဲ့။သူရိန်ရှင်းပိုင်
ကျွန်တော် ဆေးပညာနှီးနှော ဖလှယ်ပွဲကနေ အမြန်ပြန်လာခဲ့ရတယ်။ ကျွန်တော့် မိန်းမ အခြေအနေ မကောင်းဘူးတဲ့။ ကျွန်တော့်မိန်းမ ကမွေးရာပါနှလုံးရောဂါသည်လေးပါ။ ကျွန်တော်တို့ အိမ်ထောင်တစ်သက် ၅ နှစ်လုံး မှာ ကလေးတစ်ယောက်ဘဲ ထွန်းကားခဲ့တယ်။ တကယ်တော့ကျွန်တော့ အဲ့ ကလေးကို မလိုချင်ပါဘူး။ မျိုးဆက်မပြတ်ချင်တဲ့ မိဘတွေကြောင့်တာ မဖြစ်မနေ ကလေး ယူခဲ့တာပါ။ ကျွန်တော်အခုချိန်ထိ ကျွန်တော့် ရင်ထဲ က အရှင်သခင်လေးကို မမေ့သေးဘူး။ ကျွန်တော် လောလော နဲ့ ထွက်လာတာ လူတစ်ယောက်နဲ့ တိုက်မိတယ်ကျွန်တော့်ဘက် က တောင်းပန်တော့ သူ့ဘက်ကလည်း ရပါတယ်တဲ့။ သူ့အသံ ရင်းရင်းနှီးနှီးကို သိပါတယ်။ ကျွန်တော့်ရဲ့ အလင်းငယ်လေးပါ။ သူ့ထွက်သွားမယ်လုပ်တော့ ကျွန်တော် လှမ်းဆွဲလိုက်ပြီး ကျွန်တော် မေးလိုက်တယ်။
YOU ARE READING
အမုန်းအမည်မတွင်သော အချစ်
Romanceဒီ fic လေးက အကို တစ်ယောက်ရဲ့ Idea လေးပါ။ အားပေးကြပါအုံးနော်။ သူရိန်ရှင်းပိုင် ကိုယ်ရဲ့ အတ္တ၊ မာန တွေ ကို ခဝါချပြီး လူအများရှေ့မှာ ဒူးထောက်ပေးတာတောင် ကိုယ့်ကို့ မင်းခွင့်မလွှတ်ပေးနိုင်ဘူးလား။ အလင်းရယ် မင်းမကျေနပ်သေးလို...