ရေဆွတ်လိုက် ညစ်လိုက် နဖူးပေါ်တင်လိုက်နဲ့ လုပ်နေသော မှူးလေးအားကြည့်ရင်း AD ရင်ခုန်လာသလိုလို
ရင်တုန်သလိုလိုနဲ့ ဘာမှန်းမသိတဲ့ခံစားချက်ကြီးဖြစ်လာလေသည်...
"တော်ပီ"

"ဘာဖြစ်လို့လဲ ကျွန်တော့်ကို အားမနာပါနဲ့ ကိုယ်တွေပူနေသေးတာကို"

" ရပါပီဆိုကွာ"

" ပြီးရော"
ဆိုပီး မှူးလေးတစ်ယေညက် အခန်းအပြင်ကိုထွက်သွားလေသည်....

" သား... AD. နေမကောင်းဘူးလား....မှူးလေးလာပြောလို့...ခေါင်းက ဘာဖြစ်တာလဲသား"

" ဘာမှ မဖြစ်ပါဘူး မေမေရာ....ချော်လဲလို့ ခုံနဲ့ဆောင့်မိတာ...အေးဆေး"

" ဘာအေးဆေးလဲ အခုဖျားနေပီမလား.... အနာရှိန်နဲ့... ဆေးခန်းသွားရမယ်"

" ဟာ မေမေရာ....."
" မိမိရေ...ဘုရားသွားမယ်..."
ဆိုရင် ဒေါ်ဖြူလေးတစ်ယောက် အခန်းထဲဝင်လာလေသည်...

"ဟယ် သားလေး ခေါင်း ဘာဖြစ်တာတုန်း ...ညကတောင်အကောင်းကြီးကို"

နောက်ကယောင်လည်လည် နဲ့ လာရပ်နေသောမှူးလေးမှာ မေကို မပြောပါနဲ့ဆိုသောအမူအရာမျိုးမို့
နဂိုကလည်း ကိုယ်က ပြောချင်စိတ်ကရှိတာမဟုတ်
" ချော်လဲတာတဲ့ ဖြူရယ်...မကြီးမငယ်နဲ့"

" သားငယ် ညက သားမသိဘူးလား ဘာလို့ လူကြီးတွေကို လာမပြောတာလဲ"

" ကျွန်တော် မပြောခိုင်းတာပါ အန်တီ..ဘာမှမဖြစ်ဘူး
နဲနဲပဲ ထိတာမို့ နေလို့ရတာနဲ့ ....ပီးတော့ မှူးလေးလဲ ဆေး ထည့်ပေးတယ်လေ.... မေမေတို့ ဘုရားသွားမယ်ဆို...သွားတော့ သားနေလို့ကောင်းတယ်...မနက်စာစားပီးဆေးသောက်လိုက်မယ်"

" အို ဘယ်ဖြစ်မလဲ...ဒီနေ့ မသွားတော့ပါဘူး....
မှူးလေးဆရာဝန်ခေါ်လိုက်"

"အာ...အန်တီ ကျွန်တော့်ကိုနေရခက်အောင်မလုပ်ပါနဲ့
ဆရာဝန်မလိုဘူး....သားနေလို့ကောင်းတယ်"
မှူးလေးတစ်ယောက် အနားကပ်လာပီး
" မေသားနေခဲ့လိုက်မယ်....အကို့ကို သား စောင့်ပေးလိုက်မယ်.... ၁၀ နာရီလောက်ထိ ကိုယ်အပူ မကျသေးရင် သား ဆေးခန်းခေါ်သွားလိုက်မယ်"

မင်းဖြစ်နေလို့ ( complete)Where stories live. Discover now