ကြိုး-1

Start from the beginning
                                    

Yoona-နင်​ဘာလာလုပ်​တာလဲ Yuri နင်​နဲ့ဘာ
ဆိုင်​လို့လဲ

ရင်​ထဲကစကား​တွေကိုနှုတ်​ဖျားကဘာသာပြန်
မှားယွင်းခဲ့သည်​မှာ မ​ရေမတွက်​နိုင်​​အောင်​ရှိ​နေ
ပြီဖြစ်​၍ သိပ်​​တော့အ​လေးမထားမိ။

Yul-နင့်​အိမ်​ကဖုန်းဆက်​တယ်​​လေ နင်​ပြန်
မ​ရောက်​​သေးလို့်​တဲု့ ငါ့ကိုလူဆိုးဇာတ်​မသွင်း
စမ်းနဲ့ နင်​​ပေါက်​ကွဲချင်​ရင်​ ငါနဲ့လွတ်​​အောင်
ပေါက်​ကွဲ

စိတ်​မနာနိုင်​​သေးပါဘူး သူ့ကိုအိမ်​အရင်​ပြန်​ပို့ရ
မယ်​။သူဖျားရင်​တစ်​ကိုယ်​လုံးကိုက်​ခဲပြီးချမ်း​နေတတ်​ တာ အရင်​လို​ကိုယ်​​ငွေ့ဖြင့်​အ​နွေးဓာတ်
ပေးမည့်​ကျွန်​မလဲအနားမှာမရှိ။မိသားစုမရှိ၊
ဆွေမျိုးမရှိသည့်​ သူ​လေးအိမ်​ပြန်​​ရောက်​ရင်
အားငယ်​​နေရှာ​တော့မည်​။

Yoona-Sorry Yuri ​​​မေ​မေတို့ကခုမှပြန်​လာလို့မ​ပြောရ​သေးတာ အရင်​တုန်းကအလုပ်​ရှုပ်
နေကြလို့ စိတ်​ချပါ နင်​မထိခိုက်​​စေရပါဘူး
နင်​ပြန်​​တော့

Yul-ငါ့သူငယ်​ချင်းဖြစ်​ဖူးလို့သတိ​ပေးလိုက်​မယ်
ဒီလိုမိုးရွာကြီးထဲ​​ ခနခနလာထိုင်​​နေရင်​ နင်
သေလိမ့်​မယ်

စိတ်​ပူတယ်​လို့​ပြောလိုက်​​တော့​ကျားကိုက်​မှာမို့လား။

Yoona-​အေးပါ နင့်​ရဲ့တစ်​ဦးတည်း​သောသူငယ်
ချင်းဖြစ်​ခဲ့ဖူးတဲ့ငါ့ကို သတိ​ပေးတဲ့အတွက်​​ကျေးဇူးတင်​ပါတယ်

သူ့မျက်​ဝန်း​တွေတမျိုး​ပြောင်းသွားတယ်​။နာ
ကျည်း​နေသလို၊​ပြောရက်​​လေခြင်းဟုမချင့်​မရဲ
ဖြစ်​​နေသလို၊ဘာပါလိမ့်​။

Yul-ငါ့..မိဘ​တွေက.....ပြန်​လာမှာ

ဟာ မဟုတ်​ဘူး။သူ့အားနည်းချက်​ကိုထိုးနှက်​တာ မဟုတ်​ရပါဘူး။ကျွန်​မ​ဖြေရှင်းဖို့စကားရှာ
နေဆဲမှာပင်​ သူလှည့်​ထွက်​သွားသည်​။
သူဘယ်​​လောက်​ဝမ်းနည်းသွားလိမ့်​မလဲ
သူဘယ်​​လောက်​အားငယ်​သွားလိမ့်​မလဲ
ကျွန်​မ​ပြောသည့်​တစ်​ဦးတည်း​သောသူငယ်​ချင်း
ဆိုသည်​မှာ သူ့မှာသူငယ်​ချင်းမရှိခြင်းကိုချိုးနှိမ်​တာမဟုတ်​။ကျွန်​မဘက်​ကအ​ရောင်​ပါ​သော
မေတ္တာကိုသူမသိ​လေခြင်းဟုမချင့်​မရဲညည်းညူ
မိလိုက်​တာပါ။

ကြိုးWhere stories live. Discover now