ဘာတုံ့ပြန်သံ မှ မကြားရ ကြာတော့ AD စိတ်မရှည်ဖြစ်လာလေသည် ခေါင်းက သွေးတွေကလဲ ခုနက အဖြူစနဲ့ လုံးထွေးလိုက်လို့လားမသိ ပိုကျလာသည်...
ခုံနဲ့ ဆောင့်မိတော့ ဘု ထရုံပဲထင်နေတာ ခေါင်းပါကွဲသွားလေသည်..." ဆေးသေတ္တာ ဘယ်မှာရှိလဲ ..."
" ဘာဖြစ်လို့လဲ ခင်ဗျားက"
" သိချင်ထွက်ကြည့်..."
ဘာဖြေသံမှမကြားရ ခဏနေမှ " မေမေကိုသွားမေးလိုက်ပါလား"
" မမေးချင်ဘူး...သက်သက်စိတ်ပူအောင်"
ခဏနေတော့ မျက်နှာကြီးငုံ့ပီး ထွက်လာလေသည်...
" ကြည့်လျှောက်... နောက်တခါဆို မကယ်ဘူးမင်းကို"
မျက်စောင်းက ဒိုင်းခနဲရောက်လာပီး ဟိုဘက်ပြန်လှည့်သွားရာမှ ...ချက်ချင်းပြန်လှည့်လာလေသည်...
"သွေးတွေ...ဟာ"
" ဆေးသေတ္တာယူ ပေးပါကွာ ငါခေါင်းမူးလားပီ"
" အင်းအင်း ယူပေးမယ်" ဆိုပီး အခန်းထဲက ချက်ချင်းထွက်သွားလေသည်....ခဏကြာတော့ ဆေးသေတ္တာယူပီး ပြန်ဝင်လာသည်... လက်ထဲမှာလဲ ရေနွေးထည့်ထားတဲ့ ပန်ကန်လုံးပါ ပါလာလေသည်
" မေမေတို့ကို နှိုးပေးရမလားဟင်"
မှူးလေးတော်တော် အားနာသွားလေသည်...လင်ဗန်းနဲ့လဲရိုက်ခံရ...အခုလဲ သူ့ကြောင့် ခေါင်းကွဲရပြန်ပီ...
" နေပါစေ ...ဘာမှ မဖြစ်ဘူး ဆေးထည့်ပီးအိပ်လိုက်ရင် သက်သာသွားမှာ"
ဆိုပီး သူ့ဟာသူ ရေနွေးနှင့် အနာကိုဆေးနေလေသည်...
"ပေး ကျွန်တော်လုပ်ပေးမယ်" ပြောတော့ ဘာမှပြန်မပြော ငြိမ်ခံနေလေသည်....ခေါင်းက ခုံစောင်းနဲ့ မို့လားမသိ အနာကတော်တော်နက်လေသည်...စိတ်မကောင်းလွန်းလို့ ဘာပြောရမှန်းမသိဘဲ ငိုချင်လာမိသည်.... ပတ်တီးစည်းပေးရင်း
" တော်တော်နာနေလားဟင် ... ကျွန်တော်တောင်းပန်ပါတယ် ဒီနေ့ဖြစ်သွားတဲ့ကိစ္စအားလုံးအတွက်"
တောင်းပန်စကားပြောလာသူအား မော့ကြည့်မိတော့ ကြယ်ကလေးလို မျက်ရည်များဝိုင်းနေတဲ့ မျက်လုံးလေး တလက်လက်နဲ့ နှုတ်ခမ်းကလဲ ဘာဆေးမှ ကူစရာမလိုပဲရဲရဲလေး ...ခုနက အဝတ်အစားမပါတဲ့ ခန္တာကိုယ်ပါ မြင်ယောင်မိတော့ ဖျင်းကနဲ လူက ထူပူသွားလေသည် " ဟာကွာ ယောင်္ကျား အချင်းအချင်း" ဆိုပီ AD ခေါင်းခါပီး မျက်လုံးထဲက ဖျောက်မိသည်...
Part-6
शुरू से प्रारंभ करें: