"ဒါပေါ့..ဒါပေါ့ ငါ့သားတွေက ငါ့ဆို စိတ်ချမ်းသာအောင်ထားလို့နေမှာပေါ့"

"မိမိ...ထမင်းအရင်စားမယ်မလား"

"အေးဟယ် နင့်လက်ရာ မစားရတာကြာတော့ အခုစားချင်နေပီ"

"ရစေရမယ်..မိမိရေ"

" မှူးလေး....သားငယ်လေး...ထမင်းဝိုင်းပြင်ပေးနော်"
"မေ့ကိုကူဦး"

"ဟုတ်မေ"

" ဟယ် ဖြူ့ သားလေးလား....ချစ်စရာလေးဟယ်
မျက်လုံးလေးတွေက ကြယ်ကလေးအတိုင်းပဲ"

"ဟုတ်ကျေးဇူး အန်တီ .."

မှူးလေးသွားအဖြီးသားနှင့်ကျေနပ်နေလေသည်...ဒေါ်မိမိက
"ဒါအန်တီသားလေးလေ နာမည်က AD တဲ့... မှတ်ထားနော်"

"သား AD...ဒါက မှူးလေးတဲ့ သားညီလေးပေါ့...
ဟုတ်တယ်နော်ဖြူ..."

"ဟုတ်တယ်ဟုတ်တယ်....သား AD လေးထက် ၂ နှစ်ငယ်တယ် ..."

" တွေ့ရတာဝမ်းသာပါတယ်ညီ"
ဆိုပီးအသံအောအောလေးနှင့် လာနှုတ်ဆက်တဲ့ အကိုအား ခေါင်းလေးငြိမ့်ပီးပြန်ပြုံးပြမိသည်...

ပီးတော့ အဲအကိုက ခုမှစသိတာကို ချစ်စရာလေး ဆိုပီး ခေါင်းလေးကို လာဖွသေးတာ....
ကျွန်တော်က ကျွန်တော့ခေါင်းကိုင်ရင်မကြိုက်ဘူးရယ်
အကိုကြီးလာလာစပီး ဖွရင်တောင် စိတ်ဆိုးတတ်တာ
ဒီအကိုလာဖွတော့ ငြိမ်လို့... စိတ်မဆိုးတဲ့အပြင် ကျေတောင်ကျေနပ်နေတာ...

ပီးတော့ ကျွန်တော်ကိုကြီးခဏခဏခိုးကြည့်နေတဲ့ မမကို

"မမကရော နာမည်ဘယ်လိုလဲဟင်"

" ကျွန်တော်ကအမ အရမ်းလိုချင်တာ...မမက အရမ်းချောတာပဲ"

မမ က Grace ပါ ကလေးရဲ့ ဆိုပီး ကျွန်တော့ပါးဖောင်းဖောင်းလေးအားလာညှစ်ပါသည်။

"အရမ်းချစ်စရာကောင်းတာပဲ...ဟို ကလေးစုတ် AD လေးနဲ့များကွာပါ့"

" Grace နော်" ဆိုပီး AD က ဝင်ပြောပါသည်...

"မဟုတ်လို့လား...ငါ့ကိုမမလို့ ခေါ်ခိုင်းတာ တခါမှ မခေါ်ဘူး .... "

" တစ်သက်လုံး Grace ခေါ်လာတာကို အခုမှ ဘာထဖြစ်တာတုန်း" ဆိုပီး AD က သည်းလေသည်....

မင်းဖြစ်နေလို့ ( complete)Where stories live. Discover now