ဘဝခြင်းခြားပါစေ...ချစ်မှာ(10)(Z+U)

Start from the beginning
                                    

~~~~~~~~~~~~~~~~~~~~~~~~~~~~~

“မင်းသားလေး... မင်းသားလေး"

ရေးကြီးသုတ်ပျာဖြင့် ပြေးဝင်လာသည့် ကုန်းကုန်းကြောင့် ရေချိုးသန့်စင်ပြီး ၀တ်ရုံတော်ဝတ်နေသည့် သူနှင့်Jongin နားစွင့်လိုက်ပါသည်။

“မင်းကြီးပြန်ရောက်ပြီထင်တယ် မင်းသား..."

“ဟာ..မဖြစ်နိုင်တာ!!မင်းကြီးက တောကစားထွက်ရင် သုံးလလောက်ကြာတာ"

“မင်းသားလေး!!မင်းသားလေး!!"

“ဟဲ့!!ကုန်းကုန်း ပျာယီးပျာယာနဲ့ ဘာဖြစ်လာတာလဲ"

“ဟို!!မင်းကြီး ပြန်ရောက်ပါပြီ မင်းသားလေး"

“ဟင်...ဟုတ်လား ဒါဆိုရင် အခစားဝင်ရမှာပေါ့"

“ဟုတ်ကဲ့ မင်းသားလေး မင်းကြီးကလည်း အခစားဝင်ဖို့ ပြောခိုင်းလိုက်လို့ပါ ပြီးတော့ သူ့ဆီလာရင် မင်းသားလေးတယောက်တည်း လာခဲ့ဖို့လည်း မှာလိုက်ပါတယ်"

“ကောင်းပါပြီ အဲ့ဒါဆိုလည်း မင်းကြီးရဲ့ နန်းဆောင်ကို အခစားဝင်ဖို့ ပြင်ဆင်ပါ ကုန်းကုန်း"

“အမိန့်အတိုင်းပါပဲ"

ကုန်းကုန်းက လျောက်တင်စရာရှိတာ လျောက်ပြီး၍ ပြန်ထွက်သွားပါသည်။

“မင်းသားလေး လမ်းလျှောက်လို့ဖြစ်ပါ့မလား"

“စိတ်မပူပါနဲ့ ကိုယ်ရံတော်ရယ် ရပါပြီ"

“ကျုပ်လိုက်ခွင့်မရှိတော့ စိုးရိမ်လို့ပါ မင်းသားရဲ့"

“မစိုးရိမ်ပါနဲ့တော့ကွယ် ကျုပ်သက်သာပါပြီ ကဲ!ကဲ! မင်းကြီးဆီ အခစားဝင်ဖို့ သွားတော့မယ်"

“ဟုတ်ကဲ့ပါ မင်းသားလေး"

~~~~~~~~~~~~~~~~~~~~~~~~~~~~~

“အိမ်ရှေ့စံမင်းသားလေး တွေ့ခွင့်တောင်းနေပါတယ် မင်းကြီး"

Choiကုန်းကုန်းက သူတို့ရောက်နေပြီဖြစ်ကြောင်း မင်းကြီးထံ လျောက်တင်လိုက်ပါသည်။

“အထဲဝင်လာခိုင်းလိုက်ပါ ကုန်းကုန်း"

မင်းကြီးထံမှ ၀င်ခွင့်ရသည်နှင့် Kyungsoo လည်း နန်းမဆောင်ထဲ ၀င်လာခဲ့ပါသည်။

ဘ၀ခြင်းခြားပါစေ ချစ်မှာ {COℳPℓξፐξD}Where stories live. Discover now