ဘဝခြင်းခြားပါစေ...ချစ်မှာ(5)(Z+U)

Mulai dari awal
                                    

သွေးကြောကြီးတွေ အမြစ်တွယ်စရာ နေရာရှာနေသည့် ပုံဖြင့် တလူးလူးတလွန့်လွန့်

"ထုတ်လိုက်ပြီ သမားတော်ကြီး ဘာဆက်လုပ်ရမလဲ"

သမားတော်ကြီးက မင်းသားငယ်လေးကို ပတ်ထုတ်ထားတဲ့ ရွှေရောင် ပိုးဖဲစတို့ကို ဖြေလိုက်ပါတယ်

"မင်းသားလေးရဲ့ ရင်ဘတ်ပေါ်ကို တင်လိုက်ပါ အိမ်ရှေ့မင်းသား"

"ဖြစ်ပါ့မလား"

"ဖြစ်ပါတယ် တင်လိုက်ပါ အိမ်ရှေ့မင်းသား"

သမားတော်ကြီး ခိုင်းသည့်အတိုင်း အဆိပ်မယ်ရဲ့ အသည်းနှလုံးကို ညီတော်လေး၏ ရင်ဘတ်ပေါ်သို့ တင်လိုက်သည်နှင့် တပြိုင်နက် မြေကြီးပေါ် ပက်ဖျန်းလိုက်သည့်ရေအလား ကလေးငယ်ရဲ့အသားထဲ စိမ့်ဝင်သွားခဲ့ပါသည်။

ကိုယ့်မျက်စိရှေ့မှာ ဖြစ်ပျက်သွားခဲ့သည်ကိုပင် မယုံနိုင်ပါ

သမားတော်ကြီးက ညီငယ်လေးရဲ့ လက်ကောက်ဝတ်မှ သွေးခုန်နှုန်းကို စမ်းနေရင်း

"အောင်မြင်ပြီ မင်းသား ကျုပ်တို့အစီအစဉ် အောင်မြင်သွားပြီ မင်းသားလေးရဲ့ နှလုံးခုန်နှုန်းက ပုံမှန်ပြန်ဖြစ်သွားပါပြီ အသက်အန္တာရာယ် စိုးရိမ်စရာ မရှိတော့ပါဘူး"

"တ__တကယ်လား သမားတော်ကြီး"

"တကယ်ပါ မင်းသားလေး"

"၀မ်းသာလိုက်တာ ညီတော်ရယ် ၀မ်းသာလိုက်တာကွယ်"

~~~~~~~~~~~~~~~~~~~~~~~~~~~~~

အတွေးတို့က အတိတ်ဆီသို့ အချိန်တော်တော်ကြာ ခရီးထွက်သွားခဲ့ပါသည်။

"ရောက်နေတာ ကြာပြီလား ကိုယ်ရံတော်Kim"

သူ့ရဲ့ခါးဆီသို့ ရောက်ရှိလာသော ဖြူသေးသေး လက်ကလေးတစုံကြောင့် အနောက်သို့လှည့်ကြည့်လိုက်ပါသည်။

"မင်းသားလေး နိုးလာပြီလား မျက်နှာသစ်ဖို့ လုပ်ပေးပါ့မယ်"

သူ့ခါးဆီမှ မင်းသားလေးရဲ့ လက်လေးတွေကို ဖယ်ချလိုက်ရင်း ရှောင်ထွက်ဖို့ ကြိုးစားလိုက်သည်။

"ဟင့်အင်း!!ကိုယ်ရံတော်Kim ကျုပ်ကို မရှောင်ပါနဲ့"

"မင်းသားလေး အထင်လွဲနေပြီထင်တယ် ကျွန်တော်မျိုး မင်းသားလေးကို မရှောင်ဝံ့ပါဘူး"

ဘ၀ခြင်းခြားပါစေ ချစ်မှာ {COℳPℓξፐξD}Tempat cerita menjadi hidup. Temukan sekarang