ဘဝခြင်းခြားပါစေ...ချစ်မှာ(5)(Z+U)

Start from the beginning
                                    

"ကလေးရဲ့ အသက်အန္တာရာယ် စိုးရိမ်ရပါတယ် မင်းကြီး..."

"ဘာ!!"

"ဟုတ်ပါတယ် ကလေးရဲ့ နှလုံးခုန်မှုက နှေးကွေးနေပါပြီ"

"အဲ့ အဲ့ဒီတော့ ကျုပ်ကအဆိပ်မယ်ရဲ့ အသည်းနှလုံးကို ထုတ်ယူရတော့မှာလား သမားတော်ကြီး"

အိမ်ရှေ့မင်းသားနှင့် သမားတော်ကြီးတို့ ပြောနေတဲ့စကားများကြောင့် ဂူအတွင်းပိုင်းတွင် ချုပ်နှောင်ခံထားရသော လူသားမိစ္ဆာ Kim jonginမှာ ဒေါသထွက်သွားပြီး အော်ဟစ်သောင်းကျန်းပါတော့သည်။

ရွှေရောင်ဓါးမြောင်လေးကို ကိုင်လျက် ကြင်ရာတော်ဆီသို့ တရွေ့ရွေ့သွားနေသော အိမ်ရှေ့စံ မင်းသားလေး Do Junmyeon...

"မ__မလုပ်ပါနဲ့ မင်းသားရယ် ကျွန်တော်မျိုးမတောင်းပန်ပါတယ် အသက်ကို ချမ်းသာပေးပါ..."

အသက်ချမ်းသာပေးဖို့ တောင်းပန်နေသည့် ကြင်ရာတော့်စကားသံလေးက သူ့ရင်ကို မီးရှို့ပြီး မြားအစင်းတစ်ရာဖြင့် ပစ်ခတ်နေသည့်အလား Jongin ပူလောင်နာကျင်ရပါသည်။

"ကျုပ် စိတ်မကောင်းပါဘူး အဆိပ်မယ် Xiao Lu ကျုပ်ညီငယ်လေး အသက်ရှင်ရဖို့အတွက် မင်းရဲ့ အသည်းနှလုံးကို ထုတ်ယူရလိမ့်မယ်"

တောင်းပန်စကားဆိုလိုက်ပြီးသည်နှင့် အဆိပ်မယ်ရဲ့ လက်ဝဲဘက် ရင်အုံကို ခွဲချလိုက်ပါတော့သည်။

'''''''''အား''''''''''

ကြင်ရာတော်ရဲ့ အသည်းနှလုံးကို ထုတ်ယူလိုက်ကြပြီ...

မှောင်မည်းနေသည်မို့ မသည်းကွဲလိုက်ပေမဲ့ ကြင်ရာတော်ရဲ့ အော်ဟစ်လိုက်သည့်အသံက သူမ မည်မျှနာကျင်ကြောင်း ခန့်မှန်းလို့ရပါသည်။

"ကြင်ရာတော်.............."

ကြင်ရာတော်ရဲ့ နာနာကျင်ကျင် အော်လိုက်သည့် အသံအဆုံးတွင် သူ့ရင်ဘတ်မှ စူးအောင့်လာသည့် ဝေဒနာဆိုးကြောင့် အသိစိတ်တို့သည် သူ့ခန္ဓာမှ အဝေးသို့ ခေတ္တခဏထွက်ခွာသွားခဲ့ပါတော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

သူ့လက်ထဲတွင် မီးရောင်ကဲ့သို့ လင်းနေပြီး နီရဲလှုပ်ခုန်နေသော အဆိပ်မယ် Xiao Lu၏ အသည်းနှလုံးအမြုတေ...

ဘ၀ခြင်းခြားပါစေ ချစ်မှာ {COℳPℓξፐξD}Where stories live. Discover now