“ခုနတုန်းကတော့ ကျွန်တော်မျိုး ကြောက်မိပါတယ်... အခု မင်းကြီးရှိနေမှတော့ ကျွန်တော်မျိုး မကြောက်တော့ပါဘူး"
အကြောက်ပြေ တယောက်နှင့်တယောက် စကားပြောရင်း သူတို့ဦးတည်ရာ နေရာရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်လာခဲ့ကြပါတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဂူကြီးရဲ့ အတွင်းပိုင်းတစ်နေရာ……
နှာခေါင်းထဲသို့ တိုးဝင်လာသော မသောက်သုံးရတာ ကြာပြီဖြစ်တဲ့ သက်ရှိလူသားသွေးနံ့..
သူ့ရဲ့သွေးသားတို့က လူသွေးကို တောင်းဆိုလာကြပြီ
သွေးနံ့လာရာအရပ်သို့ ပြေးသွားဖို့ထလိုက်တယ်... ငါးလှမ်းလောက်ရောက်သည်နှင့် သူ့ခြေထောက်သို့ ရှေ့ဆက်တိုးလို့မရနိုင်တော့
အဘယ်ကြောင့်ဆိုသော ဧရာမသံကြိုးကြီးများက သူ့လက်နှင့် ခြေထောက်တို့ကို ဂူနံရံနှင့် တွဲချုပ်နှောင်ထားသောကြောင့်ဖြစ်ပါသည်။
မည်မျှကြီးမားသည့် သံကြိုးပင် ဖြစ်စေကာမူ သူတစ်ချက်နှစ်ချက်လောက် ရုန်းကန်လိုက်သည်နှင့် ပြုတ်သွားနိုင်သည်။
သို့ပေမဲ့ ယခုအချုပ်ခံထားရသောသံကြိုးတွေမှာမူ နတ်ဆရာတို့၏ ဂါထာမန္တန် အစီအရင်များဖြင့် ပြုလုပ်စီရင်ထားသည်ဖြစ်သောကြောင့် မိမိမပြောနှင့် မိမိထက် အဆတစ်ရာမက စွမ်းအားကြီးမားသည့် လူ၊မိစ္ဆာ၊တိရစ္ဆာန်များသည်ပင် ဤသံကြိုးမှ လွတ်မြောက်အောင် ရုန်းနိုင်မည်မထင်ပါ..
သွေးနံ့တို့က သူ့စိတ်ကို ရိုင်းစိုင်းကြမ်းတမ်းလာစေပြီး အငမ်းမရဆာလောင်မွတ်သိပ်စေပါသည်။
“ဂါးးးဂယားး"
လက်မှလက်သည်းများက တစ်လက်မခွဲခန့်ရှည်ထွက်လာပြီး သွားစွယ်လေးချောင်းသည်လည်း လည်ပင်းမှသွေးကြောကြီးများကို ကိုက်ဖောက်ပစ်ရန် အသင့်အနေအထားဖြင့် မာန်ဖီနေကြပါသည်။
သားကောင်ကို ဖမ်းစားရန် ခန္ဓာကိုယ်မှ အမွှေးရနံ့များကို ထုတ်လွတ်လိုက်သည်။
°~°~°~°~°~°~
နန်းတော်အနောက်ဘက် ကန့်သတ်နယ်မြေအတွင်းရှိ လှိုဏ်ဂူကြီးအတွင်း ခြေချမိသည်နှင့်
ဘ၀ခြင်းခြားပါစေ...ချစ်မှာ(1)(Z+U)
शुरू से प्रारंभ करें: