{Unicode}
ခေါင်းကိုက်လိုက်တာ.....
Kim Tae Hyungတစ်ယောက် မျက်လုံး
နှစ်လုံးပွင့်တာနဲ့စငြီးလေသည်.....
"ဂွက်"
အအေးဗူးနှင့် Kim Tae Hyungခေါင်းသို့
ပစ်ပေါက်လိုက်သော
Min Yoongi
"မင်းဘာသာမင်းညကမအိပ်ဘဲ ဟိုဟာလုပ်နေတာကို"
"ဟာ ဘာလား.."
"မင်း ၃နာရီထိမအိပ်ဘဲဂိမ်းဆော့နေတာလေမဟုတ်ဘူးလား?"
"အော် ဟုတ်သားဘဲ."
"မြန်မြန်ပြင်ဆင် အလုပ်နောက်ကျတယ်မရှိမဲ့ရှိမဲ့ ရထားတဲ့အလုပ်လေး မင်းကြောင့်တော့အပြုတ်မခံနိူင်ဘူး ငါသွားပြီ"
"စောင့်ဦးလေဗျာ.."
"ဆောတီးဘဲ.... သွားပီ"
"လူကြီးကတော့ကွာ...."
ထွက်သွားနှင့်ပြီဖြစ်သော Min Yoongiအားကျိန်ဆဲရင်းနှင့်ပင် အမြန်ရေမိုးချိူးကာ လိုက်သွားရတော့သည်....
အလုပ်ဆိုတာ ကျွန်တော်နဲ့Min Yoongiအလုပ်လုပ်တဲ့နေရာလေးက Cafe Shopလေးတစ်ခုဗျ..
_______________________________
မနက်စောသေး၍ လူမရှိသေးပင်....
Yoongiတစ်ယောက် ဆိုင်အတွင်းရှိ
ပန်းပင်လေးတွေကိုရေလိုက်ဖျန်းရင်း
အသံကြားလို့အနောက်လှည့်ကြည့်လိုက်တော့
ခူး ခလော ဖြင့် ကောင်စုတ်လေးက နှစ်နှစ်ခြိုက်ခြိုက်
စားပွဲပေါ် ၌အိပ်ပျော်နေသည်....
ထိုကောင်စုတ်လေးအား သင်ခန်းစာပေးရန်
Yoongiအသံ ကျယ်ကျယ်ဖြင့် အော်လိုက်တော့
"Tae Hyung....ဆိုင်ပိုင်ရှင်ရောက်လာပီ"
လို့အော်လိုက်တော့ အိပ်နေရာကနေ ချက်ချင်းထလာကာ
ခါးကိူင်းရင်း ယောင်ဝါးဝါးဖြင့် နှုတ်ဆက်နေသော
Kim Tae Hyung....
YOU ARE READING
My Peach
Romanceအချစ်ဆိုတာဘာလဲဂျိုနဲ့လား အခ်စ္ဆိုတာဘာလဲဂ်ိဳနဲ႔လား Kim Tae Hyung X Jeon Jung Kook
