*အချစ်*(1)

8.1K 127 6
                                    


ကျတော်ကိုယ်တိုင်တောင်မသိခင် ကျတော့်နှလုံးသားထဲ သူဝင်လာတယ်

ကျတော့်သိလိုက်ရတဲ့အချိန်မှာ

ကျတော့်၇ဲ့သတ္တိမရှိမှု ကြောင့် ကျတော်သူ့ကို ဆုံးရှုံးလိုက်ရတယ်

ကျတော် နောင်တရတယ်

သူသာ ပြန်လာမယ်ဆို ကျတော် ဘာပဲ လုပ်ရလုပ်ရ ကျတော်လုပ်ပါ့မယ်

**ရှားသက်ပိုင်**

"မောင် မောင် မောင်........ ပိုင့်ကို ထားမသွားပါနဲ့. .."

တီ. .......တီ..........

တစ်တန်းတည်းဖစ်သွားတဲ့ နှလုံးခုန်စက်လေးနဲ့ အတူ

" ည ၁၀နာ၇ီ ၂၅မိနစ် မောင် မင်းသန့်မောင် သေဆုံး "
ဆရာဝန်တွေရဲ့ အတည်ပြုချက်

"သား မေမေ့ကို ထားမသွားပါနက် "
မောင့်ရဲ့မာမီ

"ဟင့်အင်း မောင်မသေရဘူး မောင် ထပါအုန်း ပိုင်ပြန်လာပြီလေ မောင်"
နောက်ဆုံး ကျတော် မောင့်နာမည်ကို မခေါ်နိုင်လောက်အောင်ကို အမှောင်ထဲ ရောက်သွားခဲ့တယ်

*အချစ်* (1)

"မောင် ....မောင်....ဟင့်အင်း မသေရဘူး "

"ပိုင်ပိုင် သတိထားအုန်းလေ"

"မောင် ....ဟင်"

"ပိုင်ပိုင် "
ဝမ်းနည်းစွာဖြင့် ကျတော့်အားကျိလာသော ပယင်း

"ပယင်း မောင် ကော ငါအ ခု အိမ်မက်မက်နေတာမလား"

"ဟုတ်တယ်မလားလို့ ပယင်း ဖြေလေ ဟျောင့်တို့ ဖြေလေ"
ပါးပြင်ထက် ကျလာတဲ့မျက်၇ည်တွေကို ကြမ်းတမ်းစွာသုတ်ကာ ကျတော့် သူငယ်ချင်းများကို ထပ်တလဲလဲ မေးနေမိတယ်

ထိုစဉ်

"ပိုင်ပိုင် "
ကျတော့်ကို ပြေးဖက်လာသော မေမေ

"မေမေ မောင်ဘာမှမဖစ်ဘူးမလား ဟင် သား မောင့်ကို ချစ်တယ်ပြောရအုန်းမယ် "

"သားလေးရယ်"

"သားလေ မောင့်နားမှာနေရအုန်းမှာ မောင့်ဘေးမှာ မောင့် သတိုးသမီးလုပ်၇အုန်းမှာလေ မောင်.... "

"သားလေ သား၇ဲ့ မောင်က ဆုံးပြီလေ "

"ဟင်............မဟုတ်ဘူး ဘာတွေလာပြောနေတာလဲ မောင်မသေဘူး မောင်လုံးဝမသေ ဘူး မောင်က သားကို အဖြေတောင်းထားတယ် သား သွားပေး၇မှာ "

အချစ် Where stories live. Discover now