you,me and he...part...24

1.2K 106 12
                                    

2 years later,👉

"စစ်​​ရေ မမခြူးနဲ့ ဒီ​နေ့ နှစ်​နာရီ ဖုန်းချိန်းထားတယ်​​နော်​ စစ်​​လေး​မေ့​နေမှာဆိုးလို့ ငါအပြင်​သွား​တော့မယ်​ TV ကြီးပဲ
ကြည့်​မ​နေနဲ့ ထမင်းစားချိန်​ ထမင်းစား မမဖြူး ဖုန်းလာရင်
ငါက သတိရ​နေတယ်လို့ ​ပြော​ပေး​နော်​ ok ငါသွားပြီ "

"Ok "

"​သြော်​ တစ်​​ယောက်​တည်း သရဲကား​တွေ ကြည့်​မ​နေနဲ့
စစ်​​လေး ​ကြောက်​​နေမှာဆိုးလို့။ ကြည့်​ချင်​ရင်​ ငါလာမှ
ှကြည့်​​နော်​။ ok ငါသွားပြီ "

"Ok"

"​သြော်​ game ​တွေလည်း အရမ်း​ဆော့မ​နေနဲ့ မျက်​စိ ထိလိမ့်​မယ်​ မျက်​မှန်​တပ်​​နေရရင်​ မလှပဲ​နေမယ်​ ဟိဟိ "

"မင်းသွားမှာလား အိမ်​ထဲ ပြန်​ဝင်​မှာလား ငါတံခါးပိတ်​မို့ "

"Okok သွားပြီ ငါတကယ်​သွားပြီ "

"ပြီး​ရော "

"စစ်​ ငါစိတ်​ချမယ်​​နော်​ မင်းလိုက်​လာရင်​ ပြီး​ရော ငါစိတ်​မပူရ
တော့ဘူး​လေ ခု​တော့ ငါက ​နောက်​ဆံ တစ်​တင်​တင်​နဲ့ "

"ငါက က​လေးမဟုတ်​​တော့ဘူး ပြီး​တော့ မင်းသူငယ်​ချင်း​တွေနဲ့
ငါနဲ့မှ မသိတာ မလိုက်​ချင်​ပါဘူး ပြန်​လာရင်​ မုန့်​ဝယ်​ခဲ့ "

"က​လေးမဟုတ်​ဘူး ဆိုပြီ ဘာလို့မုန့်​မှာတာလား။
မင်းမလိုက်​တာလည်း ​ကောင်းပါတယ်​ ဒီ​ကောင်​​တွေက
လွယ်​တာမဟုတ်​ဘူး ငါလည်း အတင်း​ခေါ်လို့သာ လိုက်​ရတာ"

"ဟုတ်​လို့လားကွာ ​မေဘရနီတို့ ပါလို့မှတ်​လား "

"ကြည့်​ကြည့်​ စစ်​​လေး သဝန်​တို​နေတာ ဟဟားးးဟား "

"တိုစရာလား မတိုပါဘူး အ​နေသာကြီး "

တီးတီးတီး.......

"သွား​တော့ ခြံ​ရှေ့မှာ ကားဟွန်းတီးပြီ ​ခေါ်​နေတယ်
နားညီးတယ်​ သွားမြန်​မြန်​ "

"Ok စစ်​​လေး တံခါး​တွေသေချာပိတ်​​နော်​ စိတ်​ချမယ်​bye "

"Bye"

ဒါက​တော့ ......
အ​ကြောင်းတစ်​ခုခု​ကြောင့်​ အပြင်​သွားခါနီးတိုင်း
အထပ်​တစ်​လဲလဲ မှာတမ်း​ချွေလို့ မပြီးနိုင်​တဲ့ ​နေရိပ်​ရဲ့ အကျင့်​တစ်​ခုပါပဲ။ကောင်​​လေးတစ်​​ယောက်​က အခြား
သက်​တူရွယ်​တူ ​ကောင်​​လေးတစ်​​ယောက်​ကို အဖြစ်​သည်းပြီ ဂရုစိုက်​လွန်းတာဟာ အခြားသူ​တွေအမြင်​မှာ တစ်​မျိုးထင်​ရင်​ ထင်​​နိုင်​​ကောင်းပါရဲ့။ဒါ​ပေမဲ့ ​နေရိပ်​က​တော့ ဘယ်​အရာကိုမှ ဂရုမစိုက်​ခဲ့ပါ။အဓိက က စစ်​တစ်​​ယောက် ​​လုံခြုံဖို့တဲ့​လေ။

you,me and he(နင်​ရယ်​ငါရယ်​သူရယ်​)Where stories live. Discover now