အခန်3း8

Start from the beginning
                                    

❦ ❦ ❦ ❦ ❦

သားချမ်းပြည့်စုံ ဖျားနေသည်ဟုကြားသိရ၍ အလုပ်တာဝန်များကိုပစ်ကာ Ocean ထဲသို့
ကတိုက်ကရိုက် အပြေးဝင်၍ သားချမ်းပြည့်စုံတွက်
အဟာရဖြစ်မည့်အစားစာများချက်ပြုတ်ကျွေးမွေးချင်သည့်အတွက် အကောင်းဆုံးတွေကိုသာ ဒေါ်သုမာလာစီစစ်ဝယ်ယူခဲ့သည်။ မမောနိုင်အပန်းနိုင်
မတ်စောင့်သောလေးလွှာတိုက်ခန်း၏အပေါ်ဆုံးထပ်ကိုသတိထားတက်နေရပေမဲ့ရောက်ချင်ဇောကြီး၍ ခြေလှမ်းတို့မှာမညီညာ။ ထို့ကြောင့် ချော်ကျမလိုဖြစ်တာလည်းအခါခါ၊ သူမရောက်လာခြင်းအပေါ် ခါးခါးသီးသီးမဖြစ်ပေမဲ့ ဝမ်းပမ်းတသာဖြင့်လည်း မကြိုဆိုသော သားဖြစ်သူကို သူမ အပြစ်မမြင်ရက် ။ သူမရောက်ရောက်ချင်း ဝယ်လာသောပစ္စည်းပစ္စယများကိုကျဉ်းမြှောင်းသော အခန်းလေးထဲအလျဉ်းသင့်သလိုချပြီး သူမလက်ကိုင်အိတ်ထဲမှ အဖျားတိုင်းကရိယာလေးထုတ်၍သားဖြစ်သူရဲ့နားသပ်စနားမှဆံပင်လေးများကို သပ်ဖယ်ကာ နားထဲထည့်၍ အဖျားတိုင်းလိုက်သည်။ ထိုခဏ နှစ်သစ် ခန္ဓာကိုယ်လေးတချက်တွန့်သွားသည်။ သူ့ဘဝတွင်လည်းတစ်ခါမှမခံစားဘူးသောနွေးထွေးတစ်ခုကို ခံစားလိုက်ရသည်။ ဒီနွေးထွေးမှုကခွန်လေး သူ့နားမှာရှိနေသောကြောင့်ခံစားရသောနွေးထွေးမှုမျိုးနှင့်လည်းမတူ။ အေးမြတယ်၊နွေးထွေးတယ်၊ ဒါတွေကိုသူခံစားရပေမဲ့သူသာ မိဘရင်ခွင်ထဲ စုံလုံးပစ်ဝင်သွားခဲ့လျှင် အားငယ်မှုများနဲ့ကျန်နေမဲ့ ခွန်လေးတွက် မိခင်ဖြစ်သူနဲ့သူ့ကြားအေးစိမ့်မှုတို့ကြားကန်ထားရသည်။ ခွန်လေးကို အပူပင်မရှိလိုတရဘဝမျိုးဖန်တီးပေးချင်တာ တစ်ခုတည်းတွက် ခွန်လေးကို ဒေါ်သုမာလာဘဝထဲဆွဲမသွင်းရက်။ ထပ်ပြီးလည်း ကြားထဲခြားထားသောညီကိုဆိုတဲ့ နှောင်ကြိုးတွေအောက်မှာထပ်ပြီးမမြဲမြံစေချင်တော့ ။

မီးဖိုးခန်းထဲ တလှုပ်လှုပ်နှင့်အလုပ်ရှုပ်နေသော
မပိန်မ၀ အမျိုးသမီးကြီးသည် ကျက်သရေရှိလှပါ
သည်။ အငွေ့တထောင်းထောင်းထနေသော
ဒယ်အိုးလေးထဲမှ ဟင်းရည်အချို့ကို ဇွန်းဖျားလေးနဲ့
ခပ်မြည်းကာ သူ့ရှိရာသို့ခေါင်းလေးငဲ့၍ ပြုံးပြလာ
သော အေးချမ်းသောအပြုံးလေးကြောင့်
ဘဝမှာ တခါမှမခေါ်ခဲ့ရသော 'မေမေ'ဟူသောနာမ်
စားကို အားပါးတရအော်ခေါ်လိုက်ချင်သည်။
သို့သော် ဆန္ဒတို့နှင့် ခန္ဓာကိုယ်စေစားရာတို့သည်
ထပ်တူမကျခဲ့ပါ။ သူ့ပါးစပ်မှ ထွက်လုနီးပါးမေမေ ဟူသောဝေါဟာရကိုမြိုသိပ်ကာ တစ်ဖက်သို့ လှည့်ပစ်လိုက်မိသည်။စိတ်ထဲမှာတီးတိုစွာ ရွတ်ဆိုလိုက်မိသည်က'ကျွန်တော့်ကို ခွင့်လွှတ်ပါမေမေ ၊အေးမြတဲ့ မေမေရဲ့ မေတ္တာရိပ်ကိုလျစ်လျူ ရှုနိုင်မှ သားအတွက်ပူလောင်တဲ့ ၁၅၀၀ချစ်ခြင်းသစ္စာကို ကြိုးစားခွင့်လေးရမှာမို့ပါ ။ သားကို ခွင့်လွှတ်ပါ'

တော်မဝင်ပါ...သို့သော်...[Completed,ZG&UNi]Where stories live. Discover now