White...Ego***19

690 94 30
                                    

White Ego.....Ep.19
..
..
..
..
......
...................
...................
#####************White Ego************#####

မနက်ခင်းအစ...
ငှက်ကလေးတွေရဲ့ တေးသီကျူးသံတွေနဲ့အတူ
နှုတ်ခမ်းလေးက စုလိုက်ချွန်လိုက်နဲ့ လေသံတိုးတိုး
လေးတွေကို ဖန်တီးနေတဲ့ ကလေးလေး
ခန်းစီးလိုက်ကာလေးတွေကိုဖယ်ထားတာကြောင့်
နေရောင်ခြည်နုနုလေးတွေက
ကလေးရဲ့ ပါးဖောင်းဖောင်းလေးပေါ်မှာ ဖြာကျနေတယ်

ဟူးးး
ကလေးရဲ့ပါးပေါ်မှာ နေရာယူနေနိုင်တဲ့
နေရောင်တွေကိုမနာလိုဘူး
လေပြေလေညှင်းတွေကိုလည်း မနာလိုဘူး
သူတို့က ကျွန်တော့် Baby kyungie ကို ၂၄နာရီလုံးလုံးထိတွေ့နိုင်တယ်..
ကျွန်တော်ကကျ သူ့ပါးကို အချိန်တိုင်းနမ်းလို့မရဘူး..
လိုချင်တဲ့ဆုတစ်ခုသာတောင်းဆို
ကျွန်တော့် Baby Kyungsoo လေးကို
ကျွန်တော်ကလွဲပြီး ဘယ်သူမှထိတာကိုင်တာမဖြစ်စေ
ချင်ဘူး...
သူလေးကိုလေ ဘယ်လိုချစ်မှန်းမသိဘူး
သူ့ရဲ့ အသက်ရှူသံလေးတွေ..
သူရဲ့ နှလုံးခုန်သံလေးတွေ
သူ့ရဲ့စကားသံလေးတွေ
ပြောရမယ်ဆိုသူလေးရဲ့ ဖြစ်တည်မှုတွေ အားလုံးကို.
ကျွန်တော်တစ်ယောက်ထဲပဲ ပိုင်ဆိုင်ချင်တာ..

ဘယ်လိုပြောရမလဲ
တစ်ချို့ကတော့ အာ့တာကိုခေါင်းစဉ်တပ်ကြတယ်
အတ္တကြီးတာတဲ့
အတ္တကြီးတာမဟုတ်ပါဘူး
EGOဆိုတဲ့အတိုင်း
Endless အဆုံးမရှိတဲ့
Great ကြီးမြတ်တဲ့
Ocean လိုနက်ရှိုင်းလွန်းတဲ့
အချစ်တွေနဲ့ ပဲကျွန်တော်နှလုံးသားတစ်ခုလုံးကို သူ့ဆီပုံအပ်ပြီး သူ့ရဲ့ရှေ့တော်မှောက် အချစ်ရဲ့ကျေးကျွန်အဖြစ်
ခစားနေတာပါ...

...

" အင်း...း...."

ဟိုး...နိုးလာပြီ ကျွန်တော့်ရဲ့ baby လေး

" နိုးပြီလား..baby လေး.."

" omm..nini...အဲ 😳😳😳 Kim Nini ဘယ်လိုလုပ် ဒီအခန်းထဲရောက်နေတာလဲ..."

" လာနှိုးတာလေ...ကိုယ်က...
Wae? Wuri baby kyungie လေးက ဘယ်လိုထင်နေလို့လဲ.."

" ဘယ်..ဘယ်လိုမှမထင်ပါဘူး...ဒါနဲ့ nini က ဘယ်လို
ဝင်လာတာလဲ lock ချထားတာကြီးကို...
နေပါဦး...kyungie များလော့မချခဲ့တာလားမသိ..
အု...."

ပွစိပွစိပြောနေတဲ့ ထို အနှီလူုသားကို
မျက်နှာလေးကိုဆွဲ့မော့ကာ အနမ်းနုနုလေးတွေ ပေးနေမိတယ်..ညယ်အချိန်နမ်းနမ်းရိုးအီမသွားတဲ့
အသည်းပုံ နှင်ဆီရောင်နှုတ်ခမ်းနုလေး
အချိန်တော်တော်ကြာသွားသည်ထင်..
လက်သီးဆုပ်ကလေးက ရင်ဘက်ကို လာထုမှ လွှတ်ပေး
မိတယ်..

White Ego(Season.1)Hikayelerin yaşadığı yer. Şimdi keşfedin