you,me and he...part..23

Start from the beginning
                                    

"စစ်​"

သူ့ကို အကြည့်​စူးစူးနဲ့ တစ်​ချက်​ပဲ လှည့်​ကြည့်​ပြီး
ကျောခိုင်းထိုင်​​နေတဲ့ စစ်​ကို သူ တိုးလျစွာ ​ခေါ်လိုက်​သည်​။
သို့​ပေမဲ့ စစ်​လှည့်​မကြည်​။

"စစ်​...ငါ ​ပြောစရာရှိတယ်​ "

စစ်​က လှည့်​မလာ။ စကားလည်း မပြန်​။
သူ့ကို ရှိတယ်​လို့ပင်​ မထင်​။

"စစ်​...ငါမင်းကို သိပ်​ချစ်​တယ်​။ ဒါ​ပေမဲ့ ငါ မင်းအမုန်း​တွေကို
တော့ ဝမ်းသာအားရ လက်​မခံနိုင်​ဘူး။ မင်းနဲ့ငါ အ​ပေးအယူ
တစ်​ခုလုပ်​မယ်​။ မင်းကိုငါ အခွင့်​အ​ရေး တစ်​ခု​ပေးမယ်​၊ အဲ့ဒီ
အခွင့်​အ​ရေး ကို မင်းအသုံးချ ပြီးရင်​ ငါ့ကို မုန်း​နေတဲ့ မင်းစိတ်​ကို ​ချေဖျက်​ ​ပေးရမယ်​။ "

နေရိပ်​​ပြော​နေတဲ့ စကားကို စစ်​နားထဲမှာ နားမ​ထောင်​ပဲ
ုကြား​နေရသည်​။ မင်းကို မုန်းတဲ့စိတ်​ကို ငါ​ဖြေလို့ မရဘူး​နေရိပ်​။အိမ်​မက်​ မက်​မ​နေနဲ့။မင်း​ပေးမဲ့ အခွင့်​အ​ရေး ဆိုတာလည်းငါမလိုချင်​ဘူး။အ​ကုန်​​ပြောရရင်​ ငါမင်းဆီက ဘာမှမလိုချင်​ဘူး။ငါ မင်းနဲ့ မပတ်​သတ်​ချင်​ဘူး ​နေရိပ်​။

ထိုစကား​တွေကို စစ်​ ရင်​ထဲကပဲ ​ပြောလိုက်​မိသည်​။
နေရိပ်​ကို စစ်​ လုံးဝစကား မ​ပြောချင်​။

"စစ်​...ငါမင်းကို အစ်​ကိုမာန်​နဲ့...."
"​တော်​စမ်း ​နေရိပ်​ မင်းပါးစပ်​က ကိုကြီး နာမည်​ကို​ ​ခေါ်ရဲတယ်​မင်းပါးစပ်​နဲ့ ကိုကြီး နာမည်​နဲ့ မတန်​ဘူး "

ရက်​စက်​တယ်​လိုက်​တာ ​ပြောရက်​လိုက်​တာ စစ်​ရယ်​။
အစ်​ကို မာန်​ နာမည်​ကို ​ငါ​ပြောရုံ​လေး မင်းကြားရုံ​လေးနဲ့
ငါ့ကို စကားမ​ပြော လုံးဝ လှည့်​မကြည့်​တဲ့ မင်းက ချက်​ချင်း
ထလာပြီး ငါ့ကို ရန်​​တွေ့တယ်​။ အစ်​ကိုမာန်​ဆိုတဲ့ ​နေရာက
ငါ့အတွက်​ဆိုရင်​ ငါ​​​ပျော်​လွန်းလို့ ​သေသွားလိမ့်​မယ်​ ထင်​တယ်​။တစ်​ခါ​လောက်​​တော့ မင်းရင်​ထဲက အစ်​ကိုမာန့်​ရဲ့ ​နေရာကိုငါ့ကို ​ပေးပါ့လား စစ်​ရယ်​။

you,me and he(နင်​ရယ်​ငါရယ်​သူရယ်​)Where stories live. Discover now