"ဟီး ဟီး....Chan ရှုံးသွားပြီ"
"အယ်....ကိုယ့်လက်ကို Baek လာဆွဲထားတာလေ"
"မသိဘူးဗျာ...ရှုံးတာက ရှုံးတာပဲ"
"ဟား ဟား .... ဒီကလေးကတော့"
Aish...တကယ်ပဲ။ စာလုပ်နေပါတယ်ဆို နားထောင်မနေလည်းနားထဲဝင်လာတဲ့အသံတွေ။
လိုက်တော့လည်းလိုက်တယ်။ ကြီးကောင်ကြီးမားနဲ့ TV game ထိုင်ဆော့နေတဲ့ doctor hyung နဲ့ သူများအိမ်ပေါ် ခုနစ်အိမ်ကြား ရှစ်အိမ်ကြား အသံပြဲနဲ့ Game လာဆော့နေတဲ့ Baekhyun။
နာရီကိုကြည့်မိတော့ ဆယ်နာရီ။ "ညနေစာ စားသွားလေ သား" ဆိုတဲ့ Appa စကားကို တစ်လုံးမှတောင်မငြင်းဘဲ တစ်ဖြဲနှစ်ဖြဲစား။ ဒါတင်ပြီးပြီလားဆိုတော့လည်းမဟုတ်။ အိမ်ကို ph ဆက်ပြီး " သား Jun တို့အိမ်မှာ အိပ်မယ်နော် omma...စာကျက်မလို့" ဆိုတဲ့ လုပ်ဇာတ်ကြီးကိုလည်းခင်းသေးတာ။ မနိုင်စိန် Byun Baekhyun။
တော်စမ်း...Kim Junmyeon စာကိုအာရုံပြန်စိုက်။
"ဟား ဟား....ဒီတစ်ခါတော့ Baekhyunee ညစ်လို့မရတော့ဘူး"
"အာ...Chan ကကွာ..အကျင့်ပုတ်တယ်"
"ခင်ဗျားလေး အရင်စညစ်တာလေ"
မရတော့ဘူး။ လုံးဝသည်းမခံနိုင်တော့ဘူး။ Omma နဲ့ Appa အခန်းက အောက်ထပ်မှာမို့လို့ သိပ်မကြားရလောက်ပေမယ့် အပေါ်ထပ်ဧည့်ခန်းက TV ရှေ့မှာဆော့နေတဲ့သူတို့အသံက လှေကားထိပ်က ကျွန်တော့အခန်းထဲ တိုက်ရိုက်။
ကျစ်...စာကိုအာရုံစိုက်လို့ကိုမရတော့တာ။
သည်းမခံနိုင်တဲ့အဆုံး......။
"ငါလည်းပါမယ်"
"ဟာ....မင်းကလည်း Game ကနှစ်ယောက်တည်းဆော့လို့ရတာကို "
မျက်စတွေပစ်ရင်း အသာနှင်နေသော Baekhyun ကိုကြည့်ရင်း အားရမိသည်။တွေ့မယ် Byun Baek။
"မင်းကလည်း ငါလည်းဆော့ချင်တာပေါ့...hyung ကျွန်တော်လည်းဆော့မယ်နော်"