"အဲဒါ Jun နဲ့ရန်များဖြစ်ထားသလားလို့"
"ပေါက်ပေါက်ရှာရှာ Hyung ရာ"
ဟုတ်တယ်လေ...ကိုယ်က ရန်စရင်တောင် အပြုံးတွေ ရက်ရက်ရောရောပေးပြီး ရန်ပြန်မပေးတတ်တဲ့ အဲ့ Zhang Yixing ဟာ ငတုံးကြီးမို့။
"သူကဘာလုပ်နေတာလဲ? ခြံရှေ့မှာ"
"Jun အခန်းပြတင်းပေါက်ကို လှမ်းကြည့်နေတာ"
"..............."
"သူပြောတာတော့ Beijing ကို အလုပ်ကိစ္စနဲ့တစ်ပတ်လောက်သွားရမှာမို့လို့ မသွားခင် Jun မျက်နှာလေး လာကြည့်တာတဲ့"
လခွမ်း...ဒါကိုယ်သဘောကျနေတဲ့သူရဲ့ အစ်ကို ကိုပြောရမယ့် စကားလား?
"Jun ကဘာလို့ထွက်မတွေ့တာလဲ? Yixing ကို"
ဗုဒ္ဓေါ ဒါကကော အစ်ကိုဖြစ်သူက ပြောရမယ့်စကားလား?
"မတွေ့ချင်လို့...တစ်ပတ်လောက်လေးများ သုံးလေးနှစ်မှ မဟုတ်တာ ရှုပ်"ယှတ်ယှတ်"
သူကလည်း အကျိုးအကြောင်းနဲ့ပြောပြခဲ့တာမဟုတ်။ လွမ်းလို့ဆိုတဲ့ မရေမရာ အကြောင်းပြချက်နဲ့တွေ့ဖို့ပြောခဲ့တာလေ။ သူသာ သေချာပြောပြခဲ့ရင်......ထွက်တွေ့ရင် တွေ့ဖြစ်မှာပါ။ အားနာတဲ့စိတ်နဲ့ဖြစ်ဖြစ်။
"Jun"
"ဟင်?"
"မချစ်ဘူးလား? Xing ကို.....မဟုတ်သေးဘူး...နည်းနည်းလေးတောင်သဘောမကျဘူးလား?"
သက်ပြင်းအသာချရင်း မေးလာတဲ့ hyung က သေချာပေါက်သူ့သူငယ်ချင်းဘက်က။ hyung တင်သာမက တစ်အိမ်လုံး omma နဲ့ appa ကပါ သူ့ဘက် ။ သူနဲ့ဆိုရင် စိတ်ချတယ် ဆိုတာက လာကြသေးတာ။
"သဘောကျတယ်...hyung တစ်ယောက်အနေနဲ့ လေးစားပြီး အတုယူစရာကောင်းတယ် ဒါပေမယ့် ချစ်သူလိုကြီး ကျွန်တော်မကြိုက်ဘူး"
တကယ့် စိတ်ရင်းအမှန်ပါ။ ကိုယ့် hyung နဲ့ရွယ်တူ hyung လည်းဖြစ်ပြီး လုပ်ငန်းပေါင်းများစွာကို အုပ်ချုပ်နေနိုင်တဲ့သူ့ကို တကယ်လေးစားမိတာ။ ချစ်သူဆိုတာကတော့ တကယ်ကိုမဟုတ်သေး။
![](https://img.wattpad.com/cover/136055306-288-k510999.jpg)
UNIT 2
Start from the beginning