စိတ်ထဲမှာမွန်းကျပ်တာတွေ ဖြေဖျောက်ပြီး အိမ်ပြန်လာချိန်မှာတော့ Cara လက်ကိုဆွဲပြီး အိမ်အပြင်ထွက်ရန်ပြင်နေသော သူ

လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က ငိုနေခဲ့သော ကျွန်တော်ဟာ အခုသူ့ရှေ့မှာတော့ ယောက်ျားမာနဆိုသောအရာကြောင့် အံကိုကျိတ်ရင်း တင်းခံထားမိတယ်။

"ကျွန်တော် Cara နဲ့လိုက်သွားတော့မယ်။ မနက် ပစ္စည်းတွေ အိမ်ပြောင်းရွေ့ companyကလူတွေကို လာယူခိုင်းလိုက်မယ်"ဆိုသောနှုတ်ဆက်စကား
မမြည်တဲ့ စကားပြောနေသော သူ့ပုံရိပ်က နောက်ဆုံးအကြိမ် ကျွန်တော့မှတ်ဥာဏ်ထဲမှာ ထင်ကျန်ခဲ့တဲ့ သူ့ရဲ့ပုံရိပ်ပဲ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သူထွက်သွားပြီးနောက်ပိုင်း ကျွန်တော့ အထင်တွေမှားမှန်း ကျွန်တော်လက်ခံခဲ့သည်။

သူမရှိရင်မနေနိုင်ဟုထင်ခဲ့သော ကျွန်တော့ဘဝက တကယ်တော့ သူမရှိလဲ အဆင်ပြေခဲ့သည်။ အရာရာ အသားကျပြီးနောက် တစ်နှစ်နေတော့ သူနဲ့ Caraတို့ ပြင်သစ်ကိုပြောင်းသွားကြတယ်ဆိုသော သတင်းက ကျွန်တော်ကြားမိသော သူ့ရဲ့နောက်ဆုံးသတင်းဖြစ်လေသည်။

လွန်ခဲ့တဲ့ တစ်ပါတ်လောက်ကတော့ ကျွန်တော့ဆီစာအုပ်ကလေး တစ်အုပ်ရောက်လာခဲ့တယ်။

ဒီစာအုပ်ကလေးက တော့ ကျွန်တော့်အပေါ်ထားတဲ့ သူ့ရဲ့မေတ္တာတွေကို ကျွန်တော်နောက်ဆုံးသိနိုင်အောင်လုပ်ပေးတဲ့
သူနဲ့ပါတ်သတ်တဲ့အရာလေးပေါ့။

Lymphoma နောက်ဆုံးအဆင့်
ဖြစ်နေတာကြောင့်ဖြစ်နေတာကြောင့် ကျွန်တော့နားကထွက်သွားဖို့ အမျိုးမျိုး အဖုံဖုံကြိုးစားနေတဲ့ ကောင်လေးတစ်ယောက်ရဲ့ ရင်တွင်းခံစားချက်တွေကို ဖော်ပြပေးနေတဲ့သူ့ရဲ့ ဒိုင်ယာရီလေးပေါ့။

***********************************

ရင်ထဲမှာပိုက်ထားတဲ့ ဖန်အိုးလေးထဲက ပြာမှုန်လေးတွေကို ရေကန်ပြင်ပေါ်ကျဲချပြီး အိုးလေးကို ရေထဲမြှပ်လိုက်ရင်း နှုတ်ဆက်စကားဆိုမိတယ်။

လက်ထဲတွင်ကိုင်ထားသော စာအုပ်လေးရဲ့ စက်မျက်နှာ တစ်ခုချင်းဆီမှ ကျွန်တော့ကို ဘယ်လောက်ချစ်ကြောင်း ရေးထားတဲ့စာကြောင်းလေးတွေကိုနောက်ထပ် တစ်ကြိမ် ပြန်ဖတ်နေမိတယ်။ဒီတစ်ခါတော့ အရင်အကြိမ်တွေလို ရှိုက်ကြီးတငင်ငိုမယ့်အစား သူ့ရဲ့ကလေး ဆန်လွန်းလှတဲ့ အရေးအသားတွေကြောင့် ရှက်စနိုးပြုံးလိုက်တယ်။

~~Hun~~Where stories live. Discover now