<Zawgyi>
နွေဦးရဲ့ လေပြေလေးကြောင့်
နေရောင်လွှမ်းနေတဲ့ မေပါယ်ရွက်ကြွေလေးကို
ငေးစိုက်နေမိရင်း တချိန်က မေပါယ်ရွက်ကြွေကိုဖမ်းမိရင် အချစ်ဦးနဲ့ပေါင်းရမယ်ဆိုတဲ့ ယုံတမ်းစကားလေးကြောင့် မေပါယ်ပင်တွေအောက် ခြေလှမ်းရှုပ်ခဲ့ဖူးချိန်တွေကို သတိရမိတယ်။
တဖြည်းဖြည်း ဖြတ်ကျော်လာတဲ့ သစ်ပင်တွေကို ရေတွက်ရင်း ဦးတည်ရာ မွေးရပ်မြေကို ရောက်ရန်နီးကပ်နေပြီ ဆိုသော အသိကပျော်ရွှင်ခြင်းတွေကိုတော့ ယူဆောင်ပေးသားပဲ။
ဘေးနားမှာ အိပ်စက်နေသော သူ့ကိုကြည့်ကာ
"ကိုယ်တို့ အိမ်ပြန်ရောက်တော့မယ်နော်" လို့ တီးတိုးရေရွတ်မိသည်။
သူအရမ်းပျော်နေမှာ။ သူက အမြဲ ဒီကို ပြန်လာချင်နေခဲ့တာ မဟုတ်လား။ပါးစပ်က ထုတ်မပြောပေမယ့် တခါတလေ အတူတူနေခဲ့ဖူးတဲ့ ဂေဟာက ဂေဟာမှူးကို ကျတော်မသိအောင် ဖုန်ဆက်ပြီး ပြန်လာချင်ကြောင်း ပြောတတ်သည်မလား။
"သူ" ဆိုသည်မှာလေးထောင့်ဆန်သော ပခုံး,
မျက်လုံးမှေး,မှေးလေးတွေနဲ့ ယောက်ျားဆန်သော ကိုယ်လုံးကိုယ်ထည်ကို ပိုင်ဆိုင်ထားတဲ့ Oh Sehunဆိုသောကောင်ကလေး။
တခြားသောလူတွေနဲ့ဆို စကားသိပ်မပြောတတ်ဘဲ
ကျွန်တော်နဲ့ဆိုရင်တော့ သူ့ရဲ့ တစ်နေ့တာ အဖြစ်အပျက်တွေကိုစီကာရီကာ ဖွဲ့နွဲ့ပြောတတ်သော ကလေးလေး။
တခါတလေတော့လဲ သူလိုချင်တာရဖို့
ကျွန်တော့် ခါးကို ဖက်တွယ်ရင်း
"လောကမှာ ခန့်ညားခြင်းနဲ့ လှပခြင်း
နှစ်မျိုးလုံးကို ပိုင်ဆိုင်ထားတာ Hyung
အပြင်ရှိမယ်မထင်မိဘူး" ဆိုပြီး ရုပ်တည်နဲ့ ချွဲတတ်တဲ့ ကလေး။
အရပ်အမောင်းရော, ရုပ်ရည်ရော ပြောစရာမရှိပေမယ့် ရီလိုက်ရင် အဖိုးကြီးနဲ့ တူတယ်လို့ သူ့ကိုယ်သူမြင်နေတာကြောင့် ကျွန်တော့ရှေ့မှာသာ ပြုံးရယ်တတ်တဲ့ကလေး။ အမြဲလူကြီးဆန်ချင်နေတဲ့ ကလေးလေး။
တစ်နည်းအားဖြင့် ကျွန်တော် အရမ်းချစ်ရပါသော ကျွန်တော့ရဲ့ ချစ်ရသူ။
ရထားဆိုက်ရောက်ကြောင်း အချက်ပေးဥဩဆွဲလာတဲ့ အချိန်မှာတော့ သူ့ကိုခေါ်ဆောင်ကာ ရထားပေါ်က ဆင်းလိုက်တယ်။လွန်ခဲ့တဲ့ ၆နှစ်ကအတိုင်း မပြောင်းလဲပဲ တည်ရှိနေတဲ့ ဘူတာရုံဟောင်းလေးကို မြင်လိုက်ရတယ်။
YOU ARE READING
~~Hun~~
Fanfiction"ချစ်တယ်"ဆိုတဲ့ စကားလုံးက တကယ်တော့ မြတ်နိုးခြင်း အတိမ်အနက်ကို တိုင်းတာပေးတဲ့ ယူနစ်တစ်ခုသာ..... "ချစ်တယ်"ဆိုတဲ့ စကားလုံးက တကယ်တော့ မြတ်နိုးခြင်း အတိမ်အနက်ကို တိုင်းတာပေးတဲ့ ယူနစ်တစ်ခုသာ.....
