တစ်ချိန်လုံး အူကြောင်ကြောင်နဲ့ အခြေအနေကို မယုံနိုင်ဖြစ်နေချိန် သူပြောလိုက်သောစကားကြောင့် အသိဝင်လာခဲ့ရသည်။
"အဲ့လိုမျိုးဆိုတာ ဘာကိုပြောတလဲ Hun......
မင်းအရမ်းချစ်ပါတယ်ဆိုတဲ့ မြို့ကို ပစ်ပြီးငါနောက်လိုက်ခဲ့တာကိုလား? သူငယ်ချင်း
ကောင်မလေးနဲ့ ညနေစာစားနေတဲ့ ငါ့ကို သဝန်တိုတယ်လို့ပြောပြီး ခေါ်ထုတ်လာတာကိုလား? ဒါမှမဟုတ် ရေခဲမုန့်ပေနေတဲ့ ငါ့နှုတ်ခမ်းကို သုတ်ပေးတာဆိုတဲ့ အကြောင်းပြချက်နဲ့ နမ်းခဲ့တာကိုလား?!!!....ငါပြန်မလာတဲ့ ညတွေဆို ငါ့ကိုလွမ်းလို့ဆိုပြီး ငါ့အခန်းထဲ ဝင်အိပ်တာကိုလား။... တကယ် ဘာကိုပြောနေတာလဲ ငါနားမလည်တော့ဘူး Hun..."
ရုတ်တရက် စိုစွတ်လာတဲ့ မျက်ရည်တွေကို သုတ်လိုက်ရင်း
"သမီးရည်းစားတွေလို ငါမင်းကို မလုပ်ပေးနိုင်တာ ဘာရှိလဲ Hun..."
".....Hyung!!..."
ဟုတ်တယ်Hun.... ငါမင်းကို မစွန့်လွှတ်နိုင်ဘူး...
ဘာတွေပဲလုပ်ရ လုပ်ရ.... မင်းအနားမှာရှိနေချင်တယ်။
ဝတ်ထားတဲ့ shirt အင်္ကျီကျယ်သီးကို တစ်လုံးချင်းဖြုတ်လိုက်ရင်း သူ့ဆီကို တစ်လှမ်းချင်းလျောက်လှမ်းရင်း
"ငါအကုန်ပေးနိုင်တယ် Hun..... ဟိုမိန်းကလေး မင်းကိုပေးနိုင်တာတွေ ငါအကုန်ပေးနိုင်တယ်။"
သူ့လည်တိုင်ကို ဖက်တွယ်ရင်း ခပ်ပါးပါး နှုတ်ခမ်းတွေဆီဦးတည်လိုက်တော့ မျက်နှာကို တစ်ဖက်လွှဲသွားပြီး တွန်းဖယ်လိုက်တဲ့သူ။
အားသိပ်မပြင်းပေမယ့် ဟန်ချက်မညီတာကြောင့် ယိုင်လဲသွားပြီး သူ့ကိုအံ့ဩစွာကြည့်လိုက်မိတယ်။
သူ ဆိုတာ အတိတ်မှာ... ကျွန်တော့ကို လက်ဖျားလေးနဲ့တောင် မရွယ်ဖူးတဲ့သူပေမို့လား။
"ကျွန်တော့ စိတ်ထဲမှာ Hyung ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး Hyung...."
အားနာဟန်အကြည့်နဲ့ တိုးညှင်းစွာပြောလိုက်တဲ့ သူ့စကားကို နားစည်ထဲမှာ ပဲ့တင်ထပ်သလိုဟိန်းထွက်နေရင်း ရှိုက်ကြီးတငင်ငိုကာ ပြေးထွက်လာမိတယ်။
YOU ARE READING
~~Hun~~
Fanfiction"ချစ်တယ်"ဆိုတဲ့ စကားလုံးက တကယ်တော့ မြတ်နိုးခြင်း အတိမ်အနက်ကို တိုင်းတာပေးတဲ့ ယူနစ်တစ်ခုသာ..... "ချစ်တယ်"ဆိုတဲ့ စကားလုံးက တကယ်တော့ မြတ်နိုးခြင်း အတိမ်အနက်ကို တိုင်းတာပေးတဲ့ ယူနစ်တစ်ခုသာ.....
~~Hun~~
Start from the beginning
