ထိုကဲ့သို့သော သူ့ရဲ့ အမူအရာက သူနဲ့ စတွေ့စဉ်အချိန်ထဲကနေ အခုထိ ကိုယ်ရင်းနှီးခဲ့သော သူ့ပုံရိပ်မဟုတ်ပါချေ။

ကျွန်တော်မသိလိုက်ရတဲ့ အရွယ်ရောက်လာသော သူ့ရဲ့ အမူအကျင့်တွေက အခုအချိန်မှာမွန်းကြပ်မှုတွေနဲ့အတူ မယုံကြည်နိုင်မှုတွေကိုသာ ယူဆောင်လာပေးတယ်။

"Hun ah..... မဟုတ်ဘူးမလား?!!....arnyi.... အရက်တွေသောက်ထားလို့ အဲ့လိုဖြစ်သွားတာမလား... ဒါမှမဟုတ် --"

".......ကြာပြီ......"

အရူးတစ်ပိုင်းလိုအော်ပြောနေတဲ့ ကျွန်တော့ရဲ့ အသံတွေကို သူ့ရဲ့ တိုးညှင်းတဲ့ စကားလုံးတွေကို တစ်လုံးချင်းပြောကာ တားမြစ်လိုက်ရင်း

"တစ်လကျော်သွားပြီ..... သူနဲ့ ကျွန်တော်နဲ့ အတူနေနေတာ"

ဦးနှောက်တွေကို အလုပ်ပေးလိုက်ရင်း သူပြောတဲ့ စကားကို စဉ်းစားနေမိတယ်။ ၁လဟုတ်လား.... မဖြစ်နိုင်တာတွေ မနေ့ညကတောင် မင်း ကိုယ့်ကိုခွဲမသွားဖို ကတိတောင်းနေခဲ့တာ မဟုတ်လား။

ကိုယ့်ရင်ငွေ့ကိုလှုံကာ ကိုယ်မမုန်းစေရန် မြူစွယ်နေခဲ့တာ မဟုတ်လား။
ကိုယ့်ရဲ့ ကြောင်ပေါက်ကလေး ဖြစ်ပေးခဲ့တယ် မဟုတ်လား။

"မဟုတ်ဘူး..... Hun လိမ်နေတာ.....Hunပါးစပ်က မဟုတ်ဘူးလို့ပြော.... Hyung နားလည်ပေးနိုင်တယ်။......ဟုတ်တယ်... Hyung ခွင့်လွှတ်ပေးနိုင်တယ်။.....အကုန်လုံးကို အိပ်မက်ထဲမှာပဲ တွေ့ခဲ့သလို သဘောထားပေးနိုင်တယ်။အဲ့တာကြောင့် Hunက မဟုတ်ဘူးလို့ပဲ ပြောပေးပါ...ကိုယ်...."

"ခွင့်လွှတ်မယ် ဟုတ်လား Hyung?.... ဘာကိုလဲ....
Hyungက ဘာလို့ ခွင့်လွှတ်မှာလဲ"
ဆေးလိပ်ကို နောက်တစ်ကြိမ် နှုတ်ခမ်းပါးမှာတေ့ပြီးပြောလိုက်တဲ့ သူ့ရဲ့ စကားကြောင့် အံ့ဩစွာ ငေးကြည့်မိတော့

သူက ခပ်ဟဟ ရယ်လိုက်ရင်း

"ခွင့်လွှတ်တယ်လို့ပြောရအောင် ကျွန်တော် ဘာအမှားမှ မလုပ်ခဲ့သလိုပဲ Hyung။ လူလွတ်တစ်ယောက်က လူလွတ်တစ်ယောက်နဲ့ တူတူနေတာ ဘာတွေက မှားသွားလို့လဲ"

"........Hunnie......."

"Hyung တစ်ခုခုကို အထင်မှားနေသလိုပဲ..... ဒီကိစ္စကို တောင်းပန်ရလောက်တဲ့ အထိ Hyungနဲ့ ကျွန်တော်နဲ့ ဆက်ဆံရေးက အဲ့လိုမျိုးမဟုတ်ဘူး။"

~~Hun~~Where stories live. Discover now