ပျော်စရာကိစ္စမှန်သမျှကို သူ့ကို အသိပေးတတ်သောကျင့်ကြောင့် cafe က
part-time ကို နေ့တစ်ဝက်နားပြီး သူ့ဆီအပြေးပြန်လာခဲ့သည်။
ခြေလှမ်းတစ်လှမ်းချင်းစီမှာ ကပ်ပါနေသော ပျော်ရွှင်မှုတွေက အစ သူ့ကိုပြောပြချင်သည်။
ကိုယ့်ရဲ့ ပျော်ရွှင်မှုကို ထပ်တူထပ်မျှ ခံစားပေးမယ့် သူ့ရဲ့ မျက်နှာချောချောကိုလဲ တွေ့ချင်လှသည်။
သူ့မျက်ဝန်းထဲက ဝမ်းသာလွန်း၍ ထွက်လာတဲ့ အရည်လဲ့လဲ့လေးတွေကိုလဲ မြင်ချင်သည်။
ဘာမှ မခံစားရသလို တင်းတင်းစေ့ထားမဲ့ သူ့ရဲ့ နှုတ်ခမ်းပါးလေးကိုလဲ လက်ချောင်းတွေနဲ့ ထိတွေ့ချင်လှသည်။
စိတ်လှုပ်ရှားစွာဖြင့် တိုက်ခန်းရဲ့ လျှို့ဝှက်နံပါတ်တစ်ခုချင်းကို သေချာနှိပ်ရင်း သူရှိနိုင်မယ့် အခန်းဆီ အပြေးသွားကာ တံခါးဆွဲဖွင့်လိုက်ချိန်မြင်လိုက်ရသည်က
သူ့အခန်းရဲ့ ကုတင်ထပ်တွင် လှဲလှောင်းနေသော လူသားနှစ်ဦး.....
တစ်ဦးက ကျွန်တော်သိပ်ချစ်ရသော Oh Sehunဆိုသော လူသားနှင့် Cara ဆိုသော မိန်းကလေး....
မဖြစ်နိုင်လောက်ပါဘူးဆိုပြီး စိတ်ကို ပြန်တင်းကာ အခန်းကိုဝေ့ကြည့်တော့ ပြန့်ကျဲနေတဲ့ အဝတ်အစားတွေက လှောင်ပြောင်နေသလိုပင်။
မခိုင်တော့တဲ့ ခြေထောက်တွေကို ထိုင်ချလိုက်ရန် ပြာဝေနေသော ခေါင်းက ကူညီပေးနေတယ်။
ကျွန်တော့အသံကြောင့် နိုးလာတဲ့ သူက အနားကိုလျောက်လာတော့ သူ့ကို မော့ကြည့်ရင်းနောက်ဆုံးသော မျှော်လင့်ချက်ကို တောင့်တမိတော့တယ်။
"Hunnie..... မဟုတ်ဘူးမလား.... Hyungအခု အိပ်မက်မက်နေတာမလား?.... မဟုတ်ဘူး လုံးဝမဟုတ်ဘူး"
သူက စုတ်တစ်ချက်သပ်လိုက်ရင်း ကြမ်းခင်းပေါ်လဲကျနေတဲ့ ကျွန်တော့ရဲ့ လက်မောင်းကနေဆွဲပြီး ဧည်ခန်းဆီခေါ်သွားခဲ့တယ်။
အိမ်ရှေ့ ဧည့်ခန်းမှာ သူကSofaပေါ်မှာထိုင်ရင်း ဆေးလိပ်ကို ဟန်ပါပါ ခဲနေတယ်။ သူ့ကို မျက်တောင်မခတ်တမ်းကြည့်နေမိတယ်။
KAMU SEDANG MEMBACA
~~Hun~~
Fiksi Penggemar"ချစ်တယ်"ဆိုတဲ့ စကားလုံးက တကယ်တော့ မြတ်နိုးခြင်း အတိမ်အနက်ကို တိုင်းတာပေးတဲ့ ယူနစ်တစ်ခုသာ..... "ချစ်တယ်"ဆိုတဲ့ စကားလုံးက တကယ်တော့ မြတ်နိုးခြင်း အတိမ်အနက်ကို တိုင်းတာပေးတဲ့ ယူနစ်တစ်ခုသာ.....
~~Hun~~
Mulai dari awal
