"Hyung ကလေ.... ကျွန်တော့ကို အရမ်းမုန်း
နေတာတဲ့"

ရှိုက်သံစွက်နေတဲ့ သူ့ရဲ့ စကားသံကြောင့်

"အိပ်မက်ဆိုးတွေ မက်နေပြန်တာလား Hunnie?..."

တင်းကြပ်နေအောင် ဖက်တွယ်ထားရင် ခေါင်းငြိမ့်လာတာကြောင့် အသာအယာပြုံးလိုက်ရင်း

"Hunnie အိပ်မပျော်ရင် Hyung ပြန်ချော့သိပ်မှာပေါ့.... "

အရင်တုန်းကလဲ သူက အိပ်မက်ဆိုးတွေ နှိက်စက်တာကို ခံနေကျမို့ အမြဲ့ချော့သိပ်ခဲ့ရသည်မဟုတ်လား။

စောင်ကိုယူခြုံလိုက်ရင်း သူ့ရဲ့ ရှည်လျားလားသောအရပ်ကြောင့် ကျွန်တော့ ရင်ခွင်နဲ့ အံကိုက်ဖြစ်ရန် ပုစွန်တုတ်ကွေးလေးလို ကွေးပြီး ချွဲနေသော ကောင်လေး။

သူ့ရဲ့ ကျောပြင်ကျယ်ကို ပွတ်သပ်ရင်း ချော့မြူတော့
ခေါင်းလေးထောင်လာပြီး
"တကယ်လို့များ.... တကယ်ကိုမှ တကယ်လို့ . . တနေ့နေ့ ကျွန်တော်တိုဝေးသွားခဲ့ရင်.... ကျွန်တော့ကို ....မုန်းသွားမှာလား Hyung?"

မုန်းမှာပေါ့လို့ ရွှတ်ရွှတ်နောက်ဖြေဖို့ ကြံစည်လိုက်ပေမယ့် သူ့ရဲ့ မျက်ဝန်းထဲက ပုလဲရောင် အရည်လက်လက်တွေကြောင့်....

"Hyungက Hunnie ကို ဘယ်တော့မှ ခွဲသွားမှာမဟုတ်ဘူး.... အတင်းရိုက်ထုတ်ရင်တောင်
ထွက်သွားမှာမဟုတ်လို့ မပူနဲ့"

မိုးတွေလေတွေ ကြားထဲမှာ သူနဲ့ကိုယ်ပဲ ကြားခဲ့ရတဲ့ ကျွန်တော့ရဲ့ ကတိက ကျိန်းသေပေါက် တည်နိုင်မည်လို့ ယုံကြည်မိခဲ့လေသည်။

**********************************

*တီ* ဆိုသောမြည်သံနှင့်အတူ တုန်ခါသွားသော ဖုန်းလေးကြောင့် စားပွဲခုံပေါ်ကိုအဝတ်နဲ့ ပွတ်တိုက်နေတဲ့ လက်ကို ခဏရပ်လိုက်ရင်း အိတ်ကပ်ထဲက ဖုန်းကို ထုတ်ကြည့်လိုက်မိသည်။

စိတ်ထဲတွင်တော့ promotion ဆင်းတဲ့ Message တွေက အရမ်းအလုပ်ရှုပ်တယ်လို့ တွေးလိုက်ရင်း

*လူကြီးမင်းByun Baekhyun, Windlinght Group မှ Interview ပထမအဆင့်အောင်မြင်ပါတယ်။ လူတွေ့စစ်ဆေးရန် ဒီအပါတ် သောကြာနေ့ Company ကို လာခဲ့ဖို့ အကြောင်းကြားခြင်းဖြစ်ပါတယ်*
Message Boxကို ဖွင့်,ဖွင့်ချင်း မြင်လိုက်ရသော စာကြောင့် ရုတ်တရက် ထခုန်မိမတက် ပျော်ရွှင်သွားရသည်။

~~Hun~~Where stories live. Discover now