ပြင်သစ်သွေးနှောတဲ့ သူမက ကိုရီးယားရဲ့ ပုံစံတူမိန်းကလေးတွေနဲ့ ကွဲထွက်နေတာကိုတော့ ကျွန်တော်လက်ခံပါသည်။
သူမကို စတင်သိရှိတဲ့နေ့ကစပြီး ကျွန်တော်နဲ့ Hunnie ရဲ့ကြားထဲမှာ စမ်းချောင်းတစ်စင်းခြားခဲ့တယ်။
အတိမ်အနက်ကို မခန့်မှန်းနိုင်တဲ့ စမ်းချောင်းတစ်ခုပေါ့။
ကျွန်တော်နဲ့ အတူရှိနေရင်းတောင်
သူမကို ဖုန်းနဲ့ တစ်မျိုး လူကိုယ်တိုင်တစ်မျိုး ဆက်သွယ်နေတဲ့ Hunnie ရဲ့ အပြုအမူတွေကြောင့်
သူနဲ့ ကျွန်တော့ကြားက သံယောဇဉ်ရဲ့ အရောင်ကို သံသယရှိလာမိခဲ့တယ်။
ထိုကဲ့သို့သောအပြုအမူတွေက အရင်က Hunnie ကို ရှောင်ဖယ်နေတတ်သော ကျွန်တော့ရဲ့ အကျင့်တွေကို ပြုပြင်ပေးခဲ့တယ်ဆိုရလေမလား။
တစ်နေ့တစ်ခြား ကျဲတောက်လာတဲ့ ကျွန်တော်နဲ့ Hunnie ကြားက ဆက်ဆံရေးက ကျွန်တော့ကို သွေးရူးသွေးတန်းဖြစ်စေတယ်။
တကယ်ပဲ သူ့ကို လက်လွှတ်ရတော့မှာလားဆိုတဲ့ အတွေးတွေနဲ့ပေါ့...
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အချိန်အခါမဟုတ် မိုးတွေရွာတဲ့ ညကစလို့ သူနဲ့ကျွန်တော်နဲ့ ကြားမှာမထင်ထားတာတွေ ဖြစ်လာခဲ့ရလေတယ်။အဲ့ညမှာ အရာအားလုံး အစပြုခဲ့တယ် ဆိုရလေမလား။
"Hunnie... မအိပ်သေးဘူးလား?"
ရေဆာလို့ရေထသောက်သော ကျွန်တော်က ဧည့်ခန်းထဲမှာ လှုပ်ရှားနေတဲ့ အရိပ်ကြောင့် လန့်သွားခဲ့ပေမယ့် လျှပ်စီးရဲ့ အလင်းရောင်ကြောင့် အမှောင်ထဲက သူ့ကို မြင်နိုင်ခဲ့တယ်။
ကျွန်တော့ခေါ်သံကိုကြားတာနဲ့ ထိုင်နေရာကနေ အနားကို တိုးလျောက်လာပြီး ရုတ်တရက် ကျတော့ကို သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်လေရဲ့။
တအိအိထွက်ပေါ်နေသော ရိုက်သံကြောင့် အလန့်တကြား သူ့ကို ကြည့်မယ်ပြင်တော့ ပိုမိုတင်းကျပ်စွာဖတ်ထားရင်း
"ခဏလေးပါ Hyungရယ်"လို့ တုန်ယင်သော အသံတွေနဲ့ ပြောလာသည်။
".....Hunnie....."
".........."
".....Hunnie..... ဘာတွေဖြစ်လာလို့လဲ ကလေးရယ်...."
ကျွန်တော့ရဲ့ သက်ပြင်းချသံအဆုံးမှာတော့
KAMU SEDANG MEMBACA
~~Hun~~
Fiksi Penggemar"ချစ်တယ်"ဆိုတဲ့ စကားလုံးက တကယ်တော့ မြတ်နိုးခြင်း အတိမ်အနက်ကို တိုင်းတာပေးတဲ့ ယူနစ်တစ်ခုသာ..... "ချစ်တယ်"ဆိုတဲ့ စကားလုံးက တကယ်တော့ မြတ်နိုးခြင်း အတိမ်အနက်ကို တိုင်းတာပေးတဲ့ ယူနစ်တစ်ခုသာ.....
~~Hun~~
Mulai dari awal
