ဒီဘူတာရုံလေးမှာ သူနဲ့ကျွန်တော်ရဲ့ အမှတ်တရများစွာ ရှိခဲ့ဖူးတယ်။

သူ့အပေါ်ထားရှိတဲ့ ကျွန်တော့ခံစားချက်တွေက ဂေဟာတစ်ခုထဲမှာ တူတူကြီးပြင်းလာတဲ့ ညီအကို သံယောဇဉ်ထက် ပိုတယ်လို့ သိလိုက်ရချိန်မှာ
သူနဲ့ အဝေးဆုံးကို ထွက်ပြေးဖို့ ကြိုးစားမိလေရဲ့။

ကျွန်တော့နောက်ကို အထုတ်အပိုးတွေနဲ့ရောက်ချလာတဲ့ သူ့ကိုတော့ မမျှော်လင့်ခဲ့ရိုးအမှန်။

"ကျွန်တော် Hyungနဲ့ဝေးပြီးမနေနိုင်ဘူး" ဆိုသော သူ့ရဲ့ ကြီးကြီး ကျယ်ကျယ် အကြောင်းပြချက်တွေနဲ့ မျက်နှာလေးကိုတောင် ပြန်မြင်ယောင်မိတယ်။

သူသာသိရင်"Hyung ရာ... မဟုတ်တာတွေတွေးနေပြန်ပြီ" လို့ဆူပူသလိုပြောရင်း ရှက်ပြုံးလေး
ပြုံးနေမှာအသေအချာပင်။

ကျွန်တော်နဲ့ သူ့ရဲ့ ငယ်ရွယ်မှုနဲ့ လက်ဆတ်တဲ့ ချစ်ခြင်းတွေ စတင်ရှင်သန်ခဲ့သောနေရာလေးလို့ပဲ ပြောရလေမလား။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တက္ကသိုလ်ဆိုတဲ့ မြေကို သူစပြီးခြေဆန့်တုန်းကလဲ
ကျွန်တော်နဲ့ အဆောင်တစ်ခုထဲမှာ မနေရလို့ဆိုပြီး သောင်းကျန်းသေး၏။

ကျွန်တော်မသိအောင် အလုပ်ပေါင်းသောင်းခြောက်ထောင်လုပ်ပြီး အတူတူနေနိုင်ရန် တိုက်ခန်းငှားခဲ့တုန်းက မာနဆိုသည့်အရာကြောင့် သူ့အား ပထမဆုံးအကြိမ် အသားနာစေရန် ထိုးကျိတ်ခဲ့ဖူးသည်။

သူ့ရဲ့ မျက်နှာနုနုပေါ်ပေါ်က ကိုယ့်လက်ချက်ကြောင့် ညိုမဲဆွဲနေတဲ့ ဒါဏ်ရာရယ် "ကျွန်တော်က Hyungနဲ့မှနေတတ်တာ Hyungသိရဲ့သားနဲ့" ဆိုသော သူ့ရဲ့ ခပ်တည်,တည်နဲ့ပြောလာတဲ့ ဆင်ခြေကြောင့် ခွင့်လွှတ်ပေးရပြန်တယ်။

ထိုကဲ့သို့သော အရာတွေကြောင့် သူနဲ့ကျွန်တော်နဲ့ကြားမှာ တချို့တလေသော စကားလုံးတွေမလိုပဲ ရှေ့ဆက် အတူတူရှိနေနိုင်သည်ဟု ကျွန်တော်ထင်ခဲ့မိသည်။

Cara ဆိုသော မိန်းကလေး သူ့ဘဝထဲ မဝင်ရောက်လာမီအချိန်ထိပေါ့။

လွန်ခဲ့သော နှစ်,နှစ်ကျော်ကျော်က သူမ ကျွန်တော်တို့ နှစ်ယောက်ကြား စတင်ဝင်ရောက်လာခဲ့လေရဲ့။

~~Hun~~Where stories live. Discover now