Part - 1

3.6K 134 0
                                    

    ကျမနာမည် နှင်းစက်ချိုပါ မေမေ
ကတော့ ကျမကိုလောကကြီး ဘယ်လောက်အေးစက်နေပါစေ ကျမဘ၀လေး ချိုမြနေစေလိုသည့်အတွက် ပေးခဲ့
တာလို့ကျမငယ်ငယ်ကပြောပြခဲ့ဖူးပါ
တယ် အခုတော့လည်း မေမေသည် ကျမကို
လူ့လောကကြီးထဲ ထားရစ်ခဲ့သည်မှာ  ၁၀
နှစ်တောင်ကျော်လာခဲ့ပြီလေ ။ဖေဖေဆိုတာကလဲ နိုင်ငံခြားမှာပဲ နေတာများခဲ့သည်။ကျမဆိုတဲ့ နှင်းစက်ချိုက မိဘကိုချစ်တဲ့အချစ် ဘေးသူစိမ်းကိုချစ်တဲ့အချစ် အိုး. . .ကုန်ကုန်ပြောရရင် ကျမကိုကျမတောင်မချစ်ဘူး။ အဲ့လောက်ထိ ကျမဘ၀မှာအချစ်ဆိုတာ မြူမှုန်လေးတစ်မှုန်တောင်ရှိမနေတာပါ ။ကျမကို
မေမေက ကျမဘ၀လေးချိုမြနေစေဖို့
နှင်းစက်ချိုလို့ ပေးခဲ့ပေမယ့် ကျမရဲ့
စိတ်ဓာတ်နဲ့မာနကတော့ မွေးကတည်းက
ချိုမြမလာခဲ့တာတော့အမှန်ပါပဲ။

         ကျမ stage ကျောင်းသူဘ၀ထဲက
သူငယ်ချင်းဆိုတာ ခေါင်းမှန်းမသိ အမှီး
မှန်းမသိ တစ်ယောက်မှရှိမနေခဲ့တာပါ
အဲ့တာကပဲ ကျမလိုအင်ဆန္ဒလေ။ ဟုတ်တယ် ကျမ ဘယ်သူ့ကိုမှလဲမယုံကြည်သလို
ဘယ်သူ့ကိုမှလဲ  ပြုံးပြမိခဲ့တာမရှိဖူး။
ကျမဘေးနားလူရှိမနေတာ မဆန်းပါဘူး။

    ဘုတ်      ' အင့် '   နှင်းစက်လမ်းလျှောက်လာသည်ကို အလောတကြီးနှင့်လာနေသော ကောင်မလေးတစ်ယောက်ဝင်တိုက်
လေသည်။ 

'  ဟ  လူတစ်ယောက်လုံးတောင် မမြင်ဘူးလား လူတွေ လူတွေ မြင်လိုက်ရရင်
အချိုးကိုမပြေဘူး တောက် '

လွှင့်ကျသွားတဲ့စာရွက်တွေကောက်ရင်း
ပိုးသား  သူ့ဘေးမှထွက်သွားတဲ့ နှင်းစက်ကို မတောင်းပန်လိုက်ရ၍ စိတ်မကောင်းဖြစ်မိသွားလေသည်။  နှင်းစက်  ကားပေါ်တက်သွားသည်အထိ ပိုးသားကြည့်နေမိသည်။ အတော်ချောတဲ့
နှင်းစက် ပဲဟု မှတ်ချက်ချရင်း သွားစရာရှိသောနေရာသို့ သုတ်ခြေတင်ခဲ့ရလေသည်။ 
         
          ပိုသားဖြူဆိုတဲ့ နာမည်လေးတစ်လုံးနဲ့ပဲထားခဲ့တဲ့ မိဘနှစ်ပါး။ ပိုးသားမွေးသည့်နေ့မှာပဲ ဖေဖေကားမှောက်ပြီးဆုံးတယ် အာ့ကိုသိသိချင်းပဲ လူမမယ်ကလေးလေးကို စိတ်ချလက်ချထားခဲ့နိုင်တဲ့ မေမေ လူ့လောကကြီးကထွက်ခွာသွားတယ် ပိုးသားမှာအားကိုးစရာ
ဦးလေးမိသားစုပဲရှိသည့်အတွက်
ဖေဖေမေမေတို့ထားခဲ့သည့် အိမ်ပေါ်သို့
ဦးလေးတို့မိသားစု ရောက်ရှိလာခဲ့သည်။
ဦးလေးကတော့ ပိုးသား အပေါ်မှာကောင်းရှာပါတယ်
ဦးလေးရဲ့မိန်းမဒေါ်အေးမာနဲ့ အမတော်သူ
အေးနွယ် ကတော့ ပိုးသားကို  အမြင်မကြည်ကြချေ။ 

ချစ်မိတာ အမှားတဲ့လား Where stories live. Discover now