Abandon .. 1

368 46 26
                                    

ကျွန်မတို့ နှစ်ယောက် ပျော်ရွှင်ခဲ့ကြတယ် ..
အင်းးးး .. တစ်စုံတစ်ယောက် ကျွန်မတို့ဘ၀ထဲ ..
အာ .. မဟုတ်ဘူး ။
သူရဲ့ဘ၀ထဲ မ၀င်လာခင် အချိန်အထိပေါ့ ။

•~•~•~•

" ချွင် .. "

" Welcome to Oasis..  "

ကော်ဖီဆိုင်အပေါက်ဝတွင် ချိတ်ဆွဲထားသော ခေါင်းလောင်းထံမှ အသံချိုချိုလေး ထွက်လာသည်နှင့် ကောင်တာတွင် ထိုင်နေရာမှ အလျင်အမြန်ပင်ထလိုက်ကာ တက်တက်ကြွကြွပင် နှုတ်ဆက်လိုက်မိသည် ။

" Oasis မှ ကြိုဆိုပါတယ် .. "

ဧည့်သည်အား ကျွန်မမှ ဦးဆောင်ကာ နှုတ်ဆက်လိုက်သည်မို့ ဆိုင်အတွင်းရှိ ၀န်ထမ်းတို့ကလည်း တညီတညွတ်ထဲ ပြုံးကာ နှုတ်ဆက်လိုက်ကြသည် ။

" ဘာများသုံးဆောင်မလဲရှင့် .. "

" Latte နှစ်ခွက်ပေးပါ .. "

" ဟုတ်ကဲ့ပါ .. "

ကော်ဖီမှာလိုက်သော ကောင်လေးအား ပြုံးပြလိုက်ပြီးနောက် ကော်ဖီဖျော်ရန် လိုအပ်သည့် အရာများအား ခပ်မြန်မြန်ပင် ရောစပ်ကာ ဖျော်လိုက်သည့် အချိန်မှာ ၅ မိနစ်ခန့်မျှသာ .. ။

ဝန်ထမ်းများနှင့်ဆင်တူ အပြာနုရောင် တီရှပ်ပွပွနှင့် ဂျင်းဘောင်းဘီကိုသာ ပေါ့ပေါ့ပါးပါး ၀တ်ထားပြီး ကော်ဖီအား ကျွမ်းကျွမ်းကျင်ကျင် ဖျော်နိုင်သည့် ကျွန်မကို တော်တော်များများက ၀န်ထမ်းတစ်ယောက်လို ထင်ကြပေမယ့် တစ်ကယ်တော့ ကျွန်မက ဒီကော်ဖီဆိုင်လေးရဲ့ ပိုင်ရှင် .. ။

ကျောင်းပြီးသွားတဲ့ နောက်ပိုင်း စိတ်ဝင်တစားနဲ့ လုပ်ချင်ခဲ့ပြီး အကောင်အထည်ဖော်ချင်တဲ့ တစ်ခုတည်းသော အိမ်မက်က ချစ်စရာ decorations လေးတွေနဲ့ .. စိတ်ကူးယဉ်ဆန်ဆန် ကော်ဖီဆိုင်လေးတစ်ခုကို ဖွင့်ချင်ခဲ့တာ .. ။

Kpop ကြိုက်တဲ့ ကျွန်မကိုယ်တိုင်အတွက်ရော .. Kpop ကြိုက်တဲ့ တစ်ခြားလူတွေအတွက်ရော .. ကိုးရီးယားသီချင်း အေးအေးလေးတွေကို နားထောင်ရင်း ကော်ဖီသောက်ရတဲ့ အရသာလေးက တစ်ကယ်ကို မိုက်လွန်းတယ်မဟုတ်လား ။

မှန်တံခါးကတစ်ဆင့် လှမ်းမြင်နေတဲ့ မိုးရေစက်လေးတွေရယ် .. အငွေ့တလူလူထနေတဲ့ ကော်ဖီနံ့သင်းသင်းလေးရယ် .. ပြီးတော့ Sound box ကနေ ခပ်တိုးတိုးလွင့်ပျံ့လာတဲ့ EXO ရဲ့ Universe သီချင်းလေးရယ် .. ။

|| ABANDON ||Where stories live. Discover now