ပေဠဟိ Virus

Start from the beginning
                                    

" ရှေ့တစ်ပတ် ? "

အလုပ်ချိန်ဇယားများအား ခေါင်းထဲ၌
အပြေးအလွှားကစားမိသည်။

" အင်း အားမယ်ထင်တယ်Hyung ။
ကျွန်တော် လာဖြစ်ရင် ဖုန်းပြန်ဆက်လိုက်မယ်။
နေကောင်းအောင်နေနော် ။ "

" ငါက နေကောင်းပါတယ်ကွာ။ မင်းသာ...."

အသံရှည်ဆွဲကာဖြင့် တိတ်ဆိတ်သွားသော
Hyung ၏ရင်တွင်းစကားများအား ကျွန်တော်
မကြားချင်တော့ပါလေ ။ ထပ်ဆွလို့ကောင်းတဲ့
ဒဏ်ရာဆိုတာ အဘယ်မှာရှိမည်နည်း။
Hyung က နားလည်စွာဖြင့် ဖုန်းချဖို့ပြောသည်။

" ဆရာ ....."

အတွင်းရေးမှူး၏ ခေါ်သံကြောင့် ကျွန်တော်
ခေါင်းထောင်ကြည့်လိုက်မိသည် ။

" အစည်းအဝေးသွားဖို့အချိန်ရောက်ပါပြီ"

"အခုပဲလာခဲ့မယ်။ သွားလို့ရပါပြီ "

နာရီကို တစ်ချက်ငုံ့ကြည့်ရင်း၊ necktie ကို
ခပ်မြင့်မြင့် ဆွဲတင်လိုက်သည်။ မှန်သဖွယ်
ကြည်လင်နေသော နံရံများပေါ်ရှိ ကျွန်တော့်
ပုံရိပ်သည် အသက်ငယ်ငယ်နှင့် ဂုဏ်သရေကြီးစွာ
ထင်ရှားတောက်ပနေသကဲ့သို့ ။ ထို့သို့သော
အရေခြုံချီးကျူးစကားမျိုးကို သူဌေးကြီး၏
နှုတ်မှ နေ့ဒဓူဝလိုလို ကျွန်တော် ကြားခဲ့ရပါသည်။
ကျွန်တော်နှင့် သူ့ကို ကမ္ဘာခြားပြီးသည့်အချိန်မှစ၍။

ပြောင်းလဲတတ်သော သဘာဝတွင်
ကျွန်တော် ယုံကြည်နေမိသည်က
ကျွန်တော့်အား သူ ချစ်နေလိမ့်ဦးမည်ဟု။
ထိုယုံကြည်ချက်က ကျွန်တော့် မနက်ဖြန်တို့အား
အသက်သွင်းကာ ဆေးရေးချယ်ပေး၏။

သူနှင့် ပတ်သတ်သော ကျွန်တော့် ရူးသွပ်ခြင်းသည်
အခါမအား ကယ်တင်တတ်သော နတ်ဘုရားပမာ၊
အစဉ်ရှု့ကြည့်၊ထာဝရတည်၏။

\\\\\\\\\\ Virus of L♡ ve //////////////

ဧည့်ခန်းကျယ်၏ မျက်နှာကျက်သည်
ယခင်နေ့များနှင့်မတူ ။ အမြင်တစ်မျိုးဆန်းကာ
ခမ်းခမ်းနားနားဖြင့်။ ဒါ သူဌေးကြီး လက်ချက်ပဲ
ဖြစ်ရမည်။ ကျွန်တော့်အထင်အရမူ ရှေးခေတ်ဂရိ
ပြည်၏ သရုပ်ဖော်ပန်းချီကားတစ်ချပ်နှင့်တူသည်။

Virus of Love [Completed]Where stories live. Discover now