အပိုင်း(၁၃)

Start from the beginning
                                    

တစ်ယောက်တစ်ပေါက်ပြောနေသည့် အမှုစစ်အရာရှိများကို ကြည့်ရင်း စခန်းမှုးလုပ်သူက သက်ပြင်း တစ်ချက်ချ လေ၏။ ထို့နောက် စားပွဲပေါ်မှ အရက်ပုလင်းကို ဖန်ခွက်ထဲသို့ တစ်ချက်ငှဲ့လိုက်ပြီး မော့ချလိုက်သည်။
နဘေးရှိ အမြည်းပန်းကန်ထဲမှ သံပုရာသီးတစ်စိတ်ကို ကောက်ဝါးလိုက်သည်။ နဂိုကမှ ရှုံ့တွနေသည့် မျက်နှာက သံပုရာသီးကို ကိုက်လိုက်သောအခါ ဘီလူးနဲ့နင်လားငါလားဖြစ်သွားလေ၏။
ပြီးနောက် ၄င်းက စီးကရက်တစ်လိပ်ကို ဟန်ပါပါဖွာလိုက်သေးသည်။

“မင်းတို့တွေ တော်တော်အသုံးမကျတာပဲ။ အခုအမှုမှာ ငါတို့ ပစ္စည်းတွေကော လူတွေကောမိတယ်။ ဒါပေမယ့် တရားခံကို မင်းတို့ တိတိကျကျမဖော်ထုတ်နိုင်ဘူး။
အရင်တုန်းက ဓားပြမှုတွေ ခိုးမှုတွေ မုဒိမ်းမှုတွေ ဖြစ်သမျှ မင်းတို့ တစ်ခုမှ မဖော်ထုတ်နိုင်ဘူး
ဒါကြောင့် မင်းတို့ဟာ ဖွတ်တွေပဲ ......
ဖွတ်တောင် ရိုးရိုးဖွတ်မဟုတ်ဘူး ဖွတ်ကျားတွေ.....သောက်သုံးကိုမကျဘူး”

“ထွီ.........................”

စခန်းမှုးလုပ်သူက ၄င်း၏ပါးစပ်ထဲမှ သံပုရာသီးခွံကို ထွေးထုတ်လိုက်ပြီး ဟန်ပါပါဖြင့် ကြိမ်းမောင်းလိုက်ရာ အနားတွင်ထိုင်နေသော အမှုစစ်ရဲများက ကြောက်လန့်ကာ မျက်နှာလေးတွေ ငယ်ကုန်ကြသည်။
အရှေ့ဆုံး တည့်တည့်တွင်ထိုင်နေသည့် ရဲက မျက်နှာလိုမျက်နှာရလုပ်ကာ စခန်းမှုးသောက်မည့်အရက်ခွက်ထဲသို့ အရက်များငှဲ့ပေးလေသည်။ စခန်းမှုမျက်နှာကား တလောကလုံးက သူ့လုပ်စာ ထိုင်စားနေသည့် မျက်နှာမျိုးဖြင့် မာတင်းလျက်ရှိ၏။

“ဒါပေမယ့် ဆရာရယ် အဲ့ဒီဘိန်းစားသုံးကောင်ကို ဖြောင့်ချက်ပေးခိုင်းလိုက်ရင် ရပါတယ်။
ဒီကောင်တွေ ဝန်မခံပဲ မနေရဲပါဘူး နာရင်းကို နှစ်ချက်သုံးချက်လောက် ပိတ်ရိုက်လိုက်ရင် အဆင်ပြေပါတယ် အာစရိ”

စခန်းမှုးမျက်နှာက အနည်းငယ်တွေဝေသွားဟန်ရှိလေသည်။
ထိုစဉ် အပြင်ဖက်မှ တံခါးခေါက်သံ တစ်ခု ထွက်ပေါ်လာ၏။

“ဒေါက်.......ဒေါက်.........ဒေါက်...........”

ထိုအခါ စခန်းမှုးအနားရှိ ရဲတစ်ဦးမှ ထ၍ တံခါးသွာဖွင့်ပေးလေသည်။ တံခါးဖွင့်လိုက်သော အခါ အပေါက်ဝတွင် လူငယ်တစ်ဦးနှင့် မိန်းမလျာတစ်ဦး ရပ်နေသည်ကိုတွေ့ရသည်။

ယောကျာ်းလှကျွန်းWhere stories live. Discover now