အပိုင်း(၆)

5K 79 0
                                    

“ ​ယောကျာ်းလှကျွန်း ”
------ အပိုင်း(၆) -------

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

နီယွန်အခန်းအပြင်ဖက်သို့ ထွက်သွားတော့ ဂီနိုနီယွန်ကျောပြင်ကို ကြောင်အမ်းအမ်းဖြင့် ကြည့်ရင်းကျန်ခဲ့သည်။ နီယွန်ထွက်သွားသည်ကို သူနှမြောသလိုဖြစ်နေမိသည်။ ဘာဖြစ်လို့ပါလိမ့် သူ့စိတ်က ဒါကိုတမ်းတမ်းတတလိုချင်နေသလိုဖြစ်နေသည်ကို သူအံ့သြမိသည်။ သူ့ဘ၀တွင် လိင်နှင့်ပက်သက်ပြီး မည်သည့်အတွေ့အကြုံမှ ရှိခဲ့ဖူးသည်မဟုတ်သောကြောင့်လား။ သူဝေခွဲမရဖြစ်နေမိသည်။ ရှင်းရှင်းပြောရလျှင် လိင်ဇာတ်ကားမျိုးတွေကိုတောင် သူကြည့်ဖူးသည်မဟုတ်ပါ။ အတွေ့အကြုံနုနယ်လွန်းသည့် သူ့အဖို့ ဆန်းသစ်တဲ့ကမ္ဘာရောက်သွား သလို နီယွန်၏ပြုစုယုယမှုအောက်တွင်သူနစ်မြောနေမိသည်။ သည်အချိန်မှာ မိုးမြင့်သာ မရောက်လာခဲ့ပါက သူနှင့်နီယွန် ဘာတွေဆက်ဖြစ်တော့မည်ကို သူမတွေးတတ်။ သေချာသည်က နီယွန်ဘာလုပ်လုပ်သူငြင်းမိမည်မထင်ပါ။ ဘာကြောင့်ပါလဲ?????

             
အခန်းထဲတွင် မှောင်မိုက်လျှက်ရှိသည်။
ကုတင်မှာ နှစ်ထပ်ကုတင်အမျိုးအစားဖြစ်ပြီး ကျောင်းသားအဆောင်တို့ အလုပ်သမားအဆောင်တို့တွင် အသုံးများသော ကုတင်များဖြစ်သည်။ သူကတော့နောက်မှရောက်သည်ဆိုတော့ ကုတင်အပေါ်ထပ်တွင်သာနေရာရသည်။ တစ်ယောက်ထဲအိပ်မပျော်နိုင်ဖြစ်နေရင်း အိပ်ယာထဲတွင်လူးလိမ့်နေမိသည်။
ကုတင်ပြောင်း၍ အိပ်မပျော်သည်လား သို့မဟုတ် သူ့ခေါင်းထဲရောက်နေသည့် စဉ်းစားစရာတွေက ထွက်မသွားနိုင်၍လားတော့ မသိပါ။
သေချာသည်က သူချမိသည့်သက်ပြင်းတွေဟာ အကြိမ်ရေမရေတွက်နိုင်တော့အောင် များနေပြီဆိုတာပင်။

ကုတင်အထက်နံရံတွင် ချိတ်ထားသော နံရံကပ်ပန်ကာလေးမှ မှုတ်ထုတ်လိုက်သော ညလေအေးတစ်ချို့က သူ့အနားရှိပြက္ခဒိန်စာရွက်တွေကို အနည်းငယ် လှုပ်ခတ်သွားစေသည်။ စိတ်ထဲအိုက်စပ်စပ်ဖြစ်လာသည်မို့ ၀တ်ထားသည့် အပေါ်စွတ်ကျယ်ကို ငုတ်တုတ်ထိုင်ကာ ချွတ်ပစ်လိုက်၏။ သူ့ခါးတွင် အားကစားလုပ်သည့် ဘောင်းဘီအတိုလေးသာ ရှိသည်။ ထို့နောက် ကုတင်ပေါ်သို့ ဘုန်းကနဲပစ်လှဲချလိုက်မိပြန်၏။ မနက်ဖြန်မှာသူစလုပ်ရမည့်အလုပ်ကြီးကို စဉ်းစားရင်း ရင်တော့လေးမိတာအမှန်ပင်။ ဘာပဲဖြစ်ဖြစ် ဖြစ်သမျှအကောင်းကြီးဟုသာ သတ်မှတ်ရတော့မည်။ သူအတွေးထဲက စကားလုံးတွေကို နှုတ်မှတဖွဖွရေရွတ်နေမိရင်း သူ့ခန္ဓာကိုယ်ကို ဘာရယ်မဟုတ်ပွတ်သပ်နေမိသည်။

ယောကျာ်းလှကျွန်းWhere stories live. Discover now