Chapter 12 (Final)

Start from the beginning
                                    

"သားက အမေ့ကိုလူဆိုးမကြီးလို့ထင်နေခဲ့တာပေါ့"

"Omma"

"Omma ကဆူနေတာ မဟုတ်ဘူး..သားအထင်လွဲနေတဲ့ ကိစ္စတွေကိုပြန်ရှင်းပြနေတာ"

"ဟုတ်"

"အခုဒီစားပွဲပေါ်က သားရဲ့ Diary စာအုပ်ကို ဒီမှာရှိတဲ့သူအားလုံးဖတ်ပြီးသွားပြီ"

"ခင်ဗျာ"

မျက်နှာပေါ်မှာ အပူတစ်ချို့ဖြန်းခနဲ။ ဒီထဲမှာ ကျွန်တော် Jun အပေါ်ခံစားချက်တွေအားလုံးကို က်ဖွင့်ခဲ့တာ။ အလွန်ဆုံး Jun နဲ့အနမ်းထိပါ ကျွန်တော်ရေးခဲ့တာကို အားလုံးက ဖတ်ပြီးပြီဆိုတော့။

စာအုပ်ကိုအိမ်မှာထားခဲ့မိတဲ့ကျွန်တော့်အမှားပါပဲ။

ဟင်!အဲဒါထက် Omma ကJun ကို...။

Omma ကိုစိုးရိမ်တကြီးကြည့်မိတော့ Omma ကကျွန်တော့်အတွေးတွေကိုသိနေသလို အပြုံးနဲ့ ခေါင်းခါပြသည်။

"သားအမေ့ကိုအထင်လွဲနေပြီ"

"............"

"အမေက အမေ့မိသားစုဖြစ်တဲ့ သားကိုရော Yunho ကိုရောပါ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပေးထားပြီးသား။ သဘာဝနဲ့ဆန့်ကျင်တာတွေကို အမေလက်မခံနိုင်ခဲ့ပေမယ့်လည်းပေါ့လေ။"

"............"

"ဒါပေမယ့်လည်း အမေက သားတို့ပျော်ရွှင်မှုကိုအလေးထားတဲ့အတွက် အမေအားလုံးကိုခွင့်ပြုပေးနိုင်တယ်။ မင်းဦးငယ်ဆို ကောင်လေးတစ်ယောက်နဲ့ချစ်ကြိုက်ခဲ့တယ်။ အမေသိပ်ကိုအံသြခဲ့တာပေါ့။ လက်မခံခဲ့ချင်ပေမယ့် သူချစ်တဲ့သူမို့ အမေလက်ခံဖို့ကြိုးစားခဲ့တယ်"

".............."

"ဒါပေမယ့်လည်း မင်းဦးလေး စိတ်ကစားတတ်စအရွယ်မှာစတွဲခဲ့တဲ့ကောင်လေးက ယောက်ျားတွေကိုမှ ချူစားတတ်တဲ့ ပိုင်းလုံးတစ်ယောက်ဖြစ်နေခဲ့တာပဲ"

"ဗျာ"

ဦးငယ်ကိုလှမ်းကြည့်မိတော့ Jae hyung လက်ကိုသာ ဆုပ်ကိုင်ပြီး မျက်နှာကတော့ ခပ်တည်တည်။

"အမေကြိုသိခဲ့တော့ အမေဖြတ်ဖို့ကြိုးစားပေမယ့် အဲ့ကောင်လေးက မင်းဦးငယ်ကိုလုံးဝလက်မလွှတ်ပေးခဲ့ဘူး...ဒါနဲ့ အမေလည်းပိုက်ဆံနဲ့ပဲ ကိုင်ပေါက်ခဲ့ရတာပေါ့။ ပိုက်ဆံလည်းရရော ချက်ချင်းကိုမင်းဦးလေးအနားကထွက်သွားတာပဲ"

Just You and Me Where stories live. Discover now