"ဟေ့...ကိုယ်နဲ့တွဲမလား?"
"ဘာစကားပြော..ဟင်...Xing?"
"ဟုတ်တယ် ကိုယ် Zhang Yixing..ကိုယ်နဲ့တွဲချင်လား?"
"အွန်း အွန်း"
ခပ်မြနိမြန်ပင်ခေါင်းပြန်ညိတ်ပြလာတဲ့ကောင်မလေး တစ်နည်းအားဖြင့် ပထမနှစ်ထဲကသူ့ကို crush လာတဲ့ကောင်မလေးကို ပုခုံးကနေဆွဲဖက်လိုက်တယ်။
မော့ကြည့်ပြီး ပြုံးပြလာတဲ့ကောင်မလေးကချစ်ဖို့ကောင်းတယ်။ ပြန်ပြုံးပြရင်း ပါးလေးကိုဆွဲဖျစ်လိုက်သည်။
ကျစ်....Jun ပါးဖောင်းဖောင်းလေးတွေလောက် နူးညံ့မှုမရှိ။
💧💧💧💧💧💧💧💧💧💧💧
"ဒီကောင် Yixing လူတွေကိုအားအားယားယားများထင်နေလားမသိဘူး...10 နာရီချိန်းထားတာ 10 နာရီခွဲတော့မယ်"
"Aww...Kai ရယ် အကြောင်းကိစ္စရှိလို့ဖြစ်မှာပေါ့ ပြီးတော့ မင်းကအားအားယားယား မဟုတ်ရအောင် ဘာအလုပ်ရှိလို့လဲ?"
"ဂိမ်းဆော့မလို့"
"ဘာ...မင်းက"
"ကဲ...တော်ပြီ တော်ပြီ မင်းတို့အချစ်ငှက်နှစ်ကောင်ကိုက်မနေနဲ့ Junmyeon ကိုကြည့်ဦး"
Sehun စကားကြောင့် Kai နဲ့ Kyungsoo Jun ကိုလှမ်းကြည့်တော့ Jun ကဆိုင်အဝင်ဝကိုပဲ လှမ်းလှမ်းကြည့်ရင်း မျက်နှာပျက်လို့။
"Jun...ဘာဖြစ်နေတာလဲ?"
"Yixing တအားနောက်ကျနေပြီလေ"
လခွမ်း...ကိုယ်တွေကတော့သူဘာများဖြစ်သလဲလို့။ သူက Yixing ကိုစိတ်ပူနေတာ။
"ဟာ...ဘယ်ကသာ နာရီဝက်ပဲရှိသေးတာကို"
"ဒါပေမယ့်လည်း..."
"ရော့ Junmyeon ရေသောက်လိုက်ဦး"
"အွန်း"
ရေသောက်မလို့ပြင်လိုက်စဉ် ဆိုင်တံခါးဝမှ လူဝင်လာတာမြင်တော့ လက်ထဲကရေခွက်ချက်ချင်းပြန်ချလိုက်မိသည်။
"Xing"
Junmyeon ပါးစပ်က Xing လို့ရေရွတ်လိုက်ပေမယ့် Xing တစ်ယောက်တည်း ဝင်လာတာမဟုတ်။ Xing နဲ့အတူ Xing ဘေးမှာ ကောင်မလေးတစ်ယောက်။အရင်လိုအထင်လွဲတာမဟုတ်ကြောင်း တွဲထားသော လက်တွေကသက်သေပြနေသည်။