ဘယ်လို! Yoongi Hyung?
Taehyung နှင့် ဘယ်တုန်းကရင်းနှီးနေကြတာလဲ။

" Tae မင်းနဲ့ သူဌေးကသိနေကြတာလား "

ခုထိပြူးနေတဲ့မျက်လုံးကိုပြန်မမှေးနိုင်ဘဲ
နားမလည်စွာဘေးက Taehyung ကို
မေးခွန်းထုတ်နေမိသည် ။
ရှေ့မှ Min yoongi ကတော့ပြုံးတုံးတုံး ။
jimin တကယ်ကိုလန့်တောင်လာချေပြီ ။

အပြုံးအရယ်မရှိသလောက်နည်းပါးသောလူက
အခုတော့ပြုံးနေတယ် ။
အင်း တခုခုတော့ဒီအိမ်ထဲ ထူးဆန်းနေလေပြီ ။

" အင်း ဟုတ်တယ် ဟိုနေ့က မင်းမဖြစ်စဖူး
Coffee ခွက်လွတ်ကျတုန်းကမှ Yoongi
Hyung မှန်းသတိထားမိတာ။
မင်းသူဌေးမှန်းတော့ငါလဲမနေ့ကမင်းတို့
Company လာမှသိတာပဲ။ ပြီးတော့
Seokjin hyung တို့နဲ့ yoongi hyung
တို့ကသူငယ်ချင်းအရင်းကြီးတွေလေ "

အော် ဒါကြောင့်မနေ့က taehyung သူတို့
Company ကိုလာတာကိုး ။

Seojin hyung တို့နဲ့တူတူဆိုတော့
အင်း ဟုတ်သားပဲ ။ seokjin hyung က
LA မှာကျောင်းပြီးခဲ့တာ ။ Min yoongi
ကလဲ LA မှာကျောင်းတက်တာ Hoseok ပြောသားပဲ ။ သူမေ့နေပြီးတော့ ...

" အင်း ဒါဆိုလဲအေးဆေးစကားပြောကြဦးလေ
ငါရေချိုးလိုက်ဦးမယ် ခွင့်ပြုပါဦး သူဌေး "

အကြောင်းစုံနားလည်သွားပြီးသကာလ
Taehyung နဲ့ yoongi hyung
ကိုနှုတ်ဆက်ပြီးအခန်းထဲသာတန်းဝင်
လာခဲ့တော့သည် ။

နောက်က yoongi နှင့်Taehyung တို့ရဲ့
စကားပြောသံတွေ၊ ရယ်သံကိုတွေကို
ကြားဖြစ်အောင်ကြားလိုက်သေးသည် ။

ဘာကိုအလိုမကျမှန်းမသိ ခုဏကနဲ့မတူ။
စိတ်ကသိပ်မကြည်ချင်။
ရေသွားချိုးတာပဲကောင်းပါတယ်လေ ။

မဟုတ်တဲ့အတွေးတွေမဝင်အောင် ခေါင်းပါ
လျှော်ပစ်ရမယ် ။

....

Black Coffee

....

Yoongi hyung နဲ့စကားပြောနေတုန်း
Ph ဝင်လာသောကြောင့် အလုပ်ကိစ္စနှင့်
အပြင်ထွက်လာရသည် ။

Yoongi hyung က seokjin hyung
မိတ်ဆက်ပေးလို့သိရတာ သိပ်
အရင်းနှီးကြီးတော့မဟုတ် ။
ဒါပေမဲ့ ခင်တာတော့ခင်သည်။

အိမ်မှာ yoongi hyung တစ်ယောက်
တည်းကျန်ခဲ့တာ jimin နဲ့ဖြစ်ပါ့မလား မသိ။

ʙʟᴀᴄᴋ ᴄᴏғғᴇᴇ // (ᴄᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now