ရင္ခဲြVirus

Start from the beginning
                                    

မီးဖိုချောင်ထဲသို့ ခပ်သောသောလျှောက်
သွားလိုက်တော့ ...ဘာအမျိုးအမည်မှန်း
မသိပေမယ့် စားကောင်းမည်ဟုထင်ရသော
ဟင်းတစ်ပွဲအား ကျွန်တော်မြင်လိုက်ရသည် ။

" မြည်းကြည့် "

ခက်ရင်းနှင့်ဖွဖွထိုးကာ ကျွန်တော့်
နှုတ်ခမ်းနားဆီကပ်၍ ကျွေးလာသည်။
ချိုမြမြနှင့်မွှေးသည်။

" အင်း စားကောင်းတယ် ။
ဟင်းနာမည်က ဘာလဲ "

" မသိဘူး ။ ဝယ်လာသမျှ အကုန်
ထည့်ချက်ပစ်တာပဲ "

" ဘာ ...!!! မတည့်တာတွေဘာတွေနဲ့ဆို
ငါ သေရင် ဘယ်လိုလုပ်မလဲ "

" မသေလောက်ဘူးတော့ ထင်တာပဲ ။
ဒီလောက် အော်နိုင်ပုံထောက်ရင် "

" မင်း... သေချင်နေတာကိုးးး "

သူ့ရင်ဘတ်ကို လက်သီးနဲ့ ဖိထိုးပစ်တော့
မပြုံးမရယ်ပဲ စိုက်ကာ ကြည့်သည် ။
ချက်ချင်းဆိုသလိုပင် သူ့ရင်၌ ကပ်နေသော
ကျွန်တော့်လက်သီးဆုပ်ကို အုပ်မိုးရင်း ...;

" ကိုယ်နဲ့အတူတူနေပါလား babe "

" နေနေတာပဲကို "

" ကိုယ်ပြောတာက တစ်သက်လုံး "

သူ့မျက်လုံးတို့ကို ကျွန်တော် စိုက်မကြည့်
ရဲတော့ ။ အက်ကွဲစွာ ထွက်ပေါ်လာတဲ့ သူ့ရယ်သံတိုးတိုးက ကျွန်တော့် ခံနိုင်အားတွေကို
တတိတိ တွန်းဖြိုနေသလို ။ ကျွန်တော် သူနှင့်
မခွဲနိုင်တာ သေချာပေမယ့် အရာအားလုံးကို
စွန့်လွှတ်ဖို့ဆိုတဲ့ အတွေးက ကျွန်တော့်အား
သတ္တိကြောင်စေပြန်သည် ။

ဖက်တွယ်စရာ ဘာတစ်ခုမှမရှိပေမယ့်
ကပ်ကျန်နေသော တွယ်တာခြင်းအား
ကျွန်တော်ကိုယ်တိုင်လည်း နားမလည်ပါချေ။

သူက အေပရွန်ကို ခေါင်းငုံ့ဖြုတ်သည်။
ကပိုကရိုဝဲကျနေတဲ့ လှိုင်းတွန့်တွန့်ဆံပင်ကောက်
တွေက ကြမ်းတမ်းသင့်သလောက် ကြမ်းတမ်း
နေလောက်ပြီ ။ ဝမ်းနည်းပစ်လောက်စရာ
မရှိပေမယ့် အခါလွန်မိုးတွေစွေကုန်မှာ
ကျွန်တော်စိုးသည် ။ ကျွန်တော် ဘာကြောင့်
ချက်ချင်းခေါင်းမငြိမ့်ခဲ့ရသလဲ ?
ကျွန်တော် ဘာတွေကို လောဘကပ်နေရဦးမလဲ?
ဒီJeon Jungkook ဆိုတဲ့
လူရှိနေရဲ့သားနဲ့လေ  ?

Virus of Love [Completed]Where stories live. Discover now