" ဘာ စိတ်ရှုပ်စရာ ကိစ္စ ရှိလို့လဲ.. ဆိုဂျူဆိုင် နောက်ဘယ်တော့မှမသွားတော့ဘူး ဆိုတဲ့ လူက ဆိုဂျူဆိုင်ကို ခေါ်တော့ "

" ဒီလိုပါပဲ.. သောက်ချင်လာလို့ "

" ပြဿနာ ရှိရင်တော့ ပြောနော် "

" အင်းပါ "
.
.
.

" ဒါနဲ့ Oppa.. ထွက်သွားတဲ့ လူနဲ့ ကျန်ရစ်နေခဲ့ တဲ့ လူ.. အဲ့ လူ၂ယောက်တည်းမှာ ဘယ်သူက ပိုပြီးနာကျင်ခံစားမယ် လို့ထင်လဲ "

၅မိနစ်နေမှ ထွက်လာတဲ့ ထွက်လာတဲ့ စကားသံရဲ့ နောက်ဆက်တွဲ မေးခွန်းကြောင့် ကျွန်မအရှေ့က ထိုလူသားငယ်ရဲ့ မျက်နှာတွင် အံ့သြမှုအရိပ်အယာင်တွေ အပြည့်..

" ဘယ်လိုထင်လဲ oppa "

" သေချာပေါက် ကျစ်ခဲ့တဲ့ လူပဲ နာကျင်ရမှာပေါ့ "

" အင်းပေါ့နော် "

" Soo ကရော ဘယ်သူနာကျင်ရမယ်လို့ ထင်သလဲ "

" ညီမကတော့ ထားသွားတဲ့ လူက ပိုနာကျင်ရမယ်လို့ ထင်တယ် "

ကျွန်မ လက်ထဲတွင် အသာစောင်းထားတဲ့ ဖန်ခွက်ငယ်ကို စိုက်ကြည့်ရင်း စကားတို့ကို ဆက်ပြောလိုက်သည်..

" ထားခံရတဲ့ လူက ငါ့ကို သူ ထားသွားပါလား ဆိုတဲ့ စိတ်နဲ့ နာကျည်းချင် နာကျည်းနေလိမ့်မယ်.. စိတ်နာပြီး အချစ်သစ်ကို ရှာဖွေချင်ရင်လည်း ရှာဖွေနေလိမ့်မယ်.. ယုတ်စွ အဆုံး အဲ့ဒီ့လူကို ဘ၀တစ်လျှောက်လု့း မုန်းတီးရင်လည်း မုန်းတီးနေလိမ့်မယ် "

" ဒါ ဖြစ်သင့်တာပဲလေ "

" ဒါပေမဲ့ ထားသွားတဲ့ လူကတော့ အဲ့လို ဟုတ်မနေဘူး.. "

ဆိုဂျူထည့်ထားတဲ့ သေရည်ခွက်ကို မော့ချလိုက်ရင်း ဆိုမိသည်..

" ဘယ်လို "

" အကြာင်းပြချက်လေ.. ထားသွားဖို့ ဖြစ်လာမဲ့ အကြောင်းပြချက်ပေါ့.. အဲ့အကြောင်းပြချက်က အဆိုးဖြစ်ချင်လည်း ဖြစ်လိမ့်မယ် အကောင်းဖြစ်ချင်လည်း ဖြစ်လိမ့်မယ်.. ဒါက ကာယကံရှင် အပေါ်မှာပဲ မူတည်မှာပေါ့ "

" ဟုတ်တော့ ဟုတ်တာပဲ "

" အဲ့လူက တဖက်လူကို ထားသွားခဲ့ရတာကြောင့် သူနာကျင်နေလိမ့်မယ်.. ပြီးတော့ တစ်ဖက်လူရဲ့ မုန်းတီးခြင်းကို ခံရလိမ့်မယ်... သူ တသက်လုံး နာကျင်မှုတွေကို ထွေးပွေ့နေရမှာ.. တစ်ဖက်လူက အချစ်သစ်နဲ့ ပျော်ရွှင်နေပေမဲ့ သူကိုယ်တိုင်ကတော့ အချစ်သစ်ကို ရှာဖွေ မနေဘူး "

Perhaps Strange { My Little Mini Story} Where stories live. Discover now