1

67 5 0
                                        

~~Hello Hello Moshi Moshi down down busy busy ~~

ရေစို လက်ဖြင့်ပင် စားပွဲခုံပေါ်မှ အဆက်မပြတ်မည်နေသော ဖုန်းအား ဖြေရန် ကြိုးစားလိုက်သည်။

ဟယ်လို ကြွေ... ပြော ~

screen ပေါ်တွင် ပေါ်နေသော နာမည်ကြောင့် ကြွေ ဆက်တာမှန်း တန်းသိလိုက်သည်။

'...............´
'အာ....မရဘူး ကြွေရဲ့ ငါမအားဘူး
ဟာ...ငါ နင့်အကြောင်း သိတယ်နော် ကြွေ
ငါ့ကို ခုလိုမျိုး ခေါ်ပီးရင် နင်က နင့်အိုပါးတွေအကြောင်း ထိုင် ဖီးလ်ပြမှာ ငါသိတယ် မလာဘူးဆို မလာဘူးပဲ ... ဒါပဲ ငါရေချိုးရင်း တန်းလန်းကြီးမို့´
တိခနဲ ပြောပြီး သူမ ဖုန်းချပစ်လိုက်သည်။

မကြာပါဘူး flash မီးလေးပွင့်ပီး ဝင်လာသည့် message သံက တောင်ခနဲ ...
^^ ဇွန်ရာ... လာခဲ့ပါဟာနော် ငါ ဒကာခံပါ့မယ်​ ငါ့မှာ ရင်ဖွင့်စရာ ဆိုလို့ နင်ပဲရှိတာကို ချင်းဂူးရား T.T ^^

ထင်တဲ့အတိုင်း ကြွေရုပ်မဆီက message
အပြင်မှာသာဆို ဘယ်လောက်များ ageyo တို့ပြည့်နှက်နေလိုက်မယ့် message လဲ ...
ထုံးစံအတိုင်း သွားရအုံးမှာပဲ ဇွန်နှင်းဆီရေ ...
ဝဋ်ခံရတယ်ပဲ မှတ်ပါတယ် ငါနော် ....
စိတ်ပျက်လက်ပျက်သာ ညည်းရင်း ကြွေရုပ်နှင့် သွားတွေ့မည့်အကြောင်းကို မာမားအား စီကာ ပတ်ကုံး ရှင်းပြရပေအုံးမည့် အကြောင်းကို တွေးရင်း အသက်ပါထွက်ချင်မိတော့သည်။
............................................
Day & Night Cafe

ဒါ ဟုတ်လောက်ပါတယ် ကြွေမ ပြောတဲ့ ဆိုင်ပဲနေမှာ ....
Day & Night ဟူသော စာလုံးကို 3D ပုံစံ ဖြင့် ခပ်ကြွားကြွား ရေးကာ ချိတ်ဆွဲထားသည့် ဆိုင်ထဲသို့ သူမ ဝင်သွားဖြစ်လိုက်သည်။

တခါမှတော့ ရင်းနှီး ကျွမ်းဝင်ဖူးတဲ့ နေရာမျိုးမဟုတ် ...
ပုံမှန်ဆို သူမက ဒီလို classic ဆန်တယ်လို့ပဲ ခေါ်ရမလား romantic ဆန်တယ်လို့ပဲပြောရမလား မသိသည့် နေရာမျိုးတွေကို လာလေ့မရှိ ...ပူပူလောင်လောလောင် စပ်ပြဲနေအောင် ခံစားရတဲ့ အစားစားမျိုးတွေရနိုင်တဲ့ နေရာမှာ ထိုင်ရင်ထိုင် မဟုတ်ရင် လမ်းဘေးက အသားကင်ဆိုင်တွေမှာ ဝင်ကျိတ်ဖြစ်တာများသည်လေ
ဆိုင်ထဲကို ရောက်တော့ ဆိုင်အပြင်အဆင်က တကယ်ကို မှင်သက်ရှူမောသွားစေသည်။
ညကောင်းကင်သဏ္ဍာန် ဖန်တီးထားသည့် ဆိုင်မျက်နှာကျက်ကြောင့်
Hoodie လက်ရှည်အောက်မှ နာရီကိုပင် ယောင်ယမ်းပြီး လှန်ကြည့်မိလိုက်တော့ 10:30 AM~~ 
နာရီလက်တံနှင့်တောင်မဟုတ်ပဲ ဂဏန်းတွေဖြင့် တိကျစွာ ဖော်ပြသည့် သူမ၏ အနက်ရောင် digital နာရီလေးကတော့ မှားမည်မထင် ။

Inspiration Stories to obsess over. Discover now