"ရဲမှူး!!! "

သတင်း​ထောက်​​တွေက ​မေးခွန်း​တွေထက်​​မေးရန်​ရှိ​နေ​ပေမယ့်​ ရဲမှူးကြီးနဲ့အတူ အ​ပေါင်းအပါ​တွေက
သတင်း​ထောက်​​တွေကို ​ဖောက်​ထွက်​ကာ အမှုစစ်​ရုံး​ရှေ့မှ အမြန်​ထွက်​ခွာခဲ့ရ​တော့သည်​...

__________________________________

ဝန်​ကြီးချုပ်​အိမ်​က အ​စောင့်​​တွေကို
ဖောက်​ထွက်​ပြီးတာနဲ့ ဟိုတယ်​ကို အမြန်​ပြန်​လာလိုက်​သည်​...ဟိုတယ်​ထဲ မဝင်​ခင်​ ကားထဲမှာဘဲ အသင့်​ယူလာ​သော ဝတ်​စုံကိုပြန်​လဲလိုက်​သည်​...

တီ..တီ..တီ..!!!

ဖုန်းcontact ကိုကြည့်​လိုက်​​တော့
Boss...

"Hello​ "

"Sehun...မင်းအခုဘယ်​မှာလဲ? "

"ကျ​နော်​ ဟိုတယ်​ပြန်​​ရောက်​​​​နေပြီBoss "

"မင်း..​ရှေ့ဆက်​တိုးမှာလား?... "

"ကျ​နော်​ ဆုံးဖြတ်​ပြီးပြီ "

တီ...

End ကိုနှိပ်​လို​က်​ကာ
အဝင်​အထွက်​ ဖုန်းcall​တွေအကုန်​ဖျက်​ပစ်​လိုက်​သည်​...

ကားထဲမှာ တပ်​ထားတယ့်​ ​နောက်​​ယောင်​ခံကိရိယာကိုဖြုတ်​ထားပြီး လိုက်​လို့မရ​အောင်​လုပ်​ထားသည်​...
လူသတ်​မှု​တွေအားလုံးရဲ့တရားခံအဖြစ်​ ဝန်​ခံဖို့ရာ
ယုတ္တိရှိ​အောင်​ တခြား​ကြေးစားအား တာဝန်​​ပေးထား​သော Mission ကို ကျ​နော်​လက်​လွှဲယူလိုက်​သည်​...
Mission ကိုလည်း ​အောင်​မြင်​​အောင်​လုပ်​ရင်း
Missionရဲ့အဆုံးမှာ ကျ​နော့်​ကိုဖမ်းမိသွား​အောင်​လည်း သက်​​သေ​တွေကို ချန်​ထားခဲ့သည်​...
တမင်​သတ်​သတ်​ ရဲ​တွေကိုသတိထားမိ​အောင်
ယခင်​က လူသတ်​မှု​တွေနဲ့ ဆင်​တူသက်​​သေ​တွေထားခဲ့ကာ လူသတ်​မှုအားလုံးကို တစ်​​ယောက်​ထဲက လုပ်​သွား​ကြောင်း လှည့်​စားထားသည်​...

ယ​နေ့မနက်​က ဝန်​ကြီးချုပ်​အိမ်​ကို ​ဖောက်​ဝင်​ပြီး
သတ်​မပစ်​ဘဲ ခြိမ်း​ခြောက်​ရုံခြိမ်း​ခြောက်​ကာ
ကျ​နော့်​ပုံရိပ်​ကို သက်​​သေချန်​ခဲ့သည်​..
ဒီ​လောက်​ဆို အချိန်​အနည်းငယ်​အတွင်း
သူတို့ကျ​နော့်​ကိုလိုက်​နိုင်​ပြီ...

ကိုကို့ကလေးလေးМесто, где живут истории. Откройте их для себя