Episode - 1

18K 938 10
                                    

●●●Zawgyi●●●

နှင်း​တောင်​က နိမ့်​တယ်​ လုံးဝန်းတယ်​ ချစ်​စဖွယ်​ လှပတဲ့ ​တောင်​​လေးတစ်​ခု​ပေါ့။

ဒဏ္ဍာရီ​တွေအရ နှင်း​တောင်​မှ သာမန်​သက်​ရှိတစ်​​ကောင်​ဟာ သူ့အစွမ်း​တွေကို အားထုတ်​ရင်း ထာဝရရှင်​သန်​နိုင်​​အောင်​ ကြိုးစား​လေ့ကျင့်​ခဲ့တယ်​တဲ့။

'ငါဟာ နှင်း​တောင်​က မိစ္ဆာတစ်​​ကောင်​ပဲ။ ဒါ​ပေမယ့်​ အစွမ်း​တွေ မရှိ​တာ​ကြောင့်​ ​တောင်​​အောက်​ကို နှင်​ချခံထားရတယ်​။ ​နောင်​ နှစ်​၁၀၀ကြာရင်​ ငါ့​တောင်​ကို ပြန်​လို့ရပြီထင်​တယ်​။ အဲဒီချိန်​ဆိုရင်​ တခြားသူ​တွေလို ထာဝရရှင်​သန်​​နေရရင်​ ​ကောင်းမှာပဲ'

ရွှယ်ချိုး ​တောင်​​အောက်​​ရောက်​လာ​တော့ သူ့ရဲ့အမြတ်​တနိုးတန်​ဖိုးထားရသော သစ်​ပင်​​လေး​တွေ အရင်းက​နေ ခုတ်​ထွင်​ခံထားရသည်​ကို ​တွေ့​သည့်အခါ ​ဒေါသတို့အလုံးလိုက်​တက်​လာကာ ....

"​ဟော်​ယွန်​ (မီး) ​တောင်​ကို ခဏ​လေးသွားရုံပဲရှိ​သေးတယ်​ အခု​တော့ ငါရဲ့အဖိုးတန်​ နှစ်​ရာချီ ဂျင်းကို ပင်​​တွေ မရှိကုန်​​တော့ပါလား !!!"

ရွှယ်ချိုး ပတ်​လည်​အနီးအနားကို လိုက်​ကြည့်​​လေတော့ ခြံဝင်းကာရံထားပြီး စိုက်​ပျိုး​မြေကွက်​အနည်းငယ်​နှင့်​ အိမ်​တစ်​လုံးကို ​တွေ့လိုက်​ရသည်​။

ထိုအိမ်​နှင့်​ ခြံစည်းရိုးများကို မိမိအပင်​များဖြင့်​ ပြုလုပ်​ထားသည်​ကို ​တွေ့လိုက်​​ရသည့်အခါ ....

"ဂါး !!!!"

အိမ်​​ရှေ့ကို ​​ခြေ​ဆောင့်​နင်းသွားပြီး တံခါးကို အရှိန်​ပြင်းစွာ ကန်​ဖွင့်​ကာ ဝင်​လိုက်​သည်​။

"ငါ့ပိုင်​နက်​ထဲမှာ ဘယ်​လိုအတင့်​ရဲတဲ့​မိစ္ဆာ​ကောင်​က ဝက်​ခြံလုပ်​ထားတာလဲကွ !!!!!!"

သို့​သော်​ အိမ်​ထဲတွင်​ မည်​သူမျှမရှိ။

"တစ်ေ​ယာက်မှ​မရှိဘူးလား ?"

အိမ်​ထဲတွင်​ ဟိုကြည့်​ ဒီကြည့်​နှင့်​ ပရိ​ဘောဂများကို မြင်​​တော့ ....

Falling Snow Turns White (Myanmar Translation)Where stories live. Discover now