Part 1

8.7K 240 1
                                    

Uni

သူတစ်ပါးနာကျင်အောင်လုပ်နေရတာကို
ပျော်ရွှင်စရာလို့သတ်မှတ်ထားသောကြောင့်........

Chanyeol.Mrs Byun ခင်ဗျားအကြွေးတွေအရမ်းများနေပြီနော် hk

ကျနော်ကစိတ်ရှည်တ့ဲအမျိုးတော့မဟုတ်ဘူးဗျ မနက်ဖြန်
မနက်ကျနော့်ဝမ်သိန်းသုံးရာလိုချင်တယ် မဟုတ်ရင်တော့

ကျနော်ပြောထားတ့ဲအတိုင်း ခင်ဗျားသားကိုသိမ်းရလိမ့်မယ်
ကျနော်Mrs.Byunနားကိုကပ်ပြောလိုက်တော့

သူမကိုယ်လေးတုန်သွားသည်လေ မျက်ရည်လေးတွေလည်းဝဲလို့ပေါ့ ဟုတ်ပါတယ်လေ

ဝမ်သိန်းသုံးရာကသူ့အတွက်ဆပ်ဖို့မလွယ်ကူလှသလို
သူမရဲ့သားလေးကိုလည်းသူမပေးနိုင်မည်မထင်...

မိခင်တစ်ယောက်ရဲ့မေတ္တာာတွေပေါ့
ဒါပေမ့ဲကျနော်ဆိုတဲ့သူကလည်း

ကြင်နာသနားတတ်သူမဟုတ်လေတော့....
သူမကျနော့်ရှေ့မှာဒူးထောက်ကာတောင်းပန်လာသည်လေ
ကျနော့်ကိုအသည်းနှလုံးမရှိတ့ဲသူလို့ပဲပြောချင်ပြော

စာနာစိတ်မရှိတာတော့အမှန်ပါလေ...
သူတောင်းပန်နေသော်လည်း

ကျနော်သူကြားရုံသာပြောလိုက်တ့ဲစကားက...
စိတ်မပူပါနဲ့ခင်ဗျားသားကိုမသတ်ပါဘူး လို့လေ

ကျနော့်တပည့်တွေကိုကျနော့်အိမ်ထဲကနေသူမကို
အပြင်သို့ဆွဲထုတ်သွားခိုင်းခ့ဲသလို မနက်ဖြန်လာမယ်ဆိုတ့ဲ

စကားလေးပါသူမအဖို့အမှားပါးလိုက်လေသည်
.........**

Baek.ommaဘာဖြစ်လို့ငိုနေတာလဲ
ကျနော်အချိန်ပိုင်းအလုပ်ပြီးလို့ည9:00

ကျတော့အိမ်ပြန်လာခ့ဲသည်လေ.. ကျနော်အရင်ကပြန်လာလျှင်ommaကမတွေ့ရ

သူ့အခန်းမှာအိပ်နေတာဖြစ်ဖြစ် ကစားဝိုင်းမှာဖြစ်ဖြစ်
Clubတက်နေတာဖြစ်ဖြစ်ပေါ့ ဒါပေမ့ဲအခုတော့

သူမကအိမ်ထဲတောင်မဝင် အပြင်မှာသာထိုင်ငိုနေသည်လေ
သူမငိုတာကျနော်ခုလိုအထက်တန်းကျောင်းသား

ဘဝရောက်သည်အထိမမြင်ဖူးခ့ဲသလို ကျနော်မြင်အောင်လည်းငိုမယ့်သူမဟုတ်ပေ

အမုန်းရဲ့နောင်တ (Complete)Rate_M(ZG+UN)Where stories live. Discover now