"ခွီး..."

"ဘာရယ်​တာလဲ"

တကယ်​ကို ကပ်​ကပ်​လန်​​အောင်​ ရန်​​တွေ့တတ်​​သော ကြက်​တူ​ရွေး​ကောင်​။
ပွစိပွစိနဲ့ မိန်းမကြီးကျလို့။
ဟိုမှာ အနီကွက်​​လေး​တွေလို့ ​ပြောကြည့်​ ဒီ​နေရာမှာတင်​ ဘ၀ကူးမ​ကောင်းဖြစ်​သွားမှာလည်း သိသည်​။

"Jeon Jung Kook!"

နင့်​ခနဲ​အော်​သံ​ကြောင့်​ နားပင်​အူသွားရသည်​။
ဒီလို ​သောက်​ကျင့်​မျိုးရှိမှန်း သိခဲ့ရင်​​လေ ယူကိုမယူခဲ့ဘူး။ ကျွန်​​တော်​ စိတ်​ပုတ်​ခဲ့လို့ ဒဏ်​ပြန်​ခတ်​တာလား။ နားထဲသို့လက်​ထိုးထည့်​ကာ နားညီးသည့်​ပုံ လုပ်​ပြ​တော့ တအုန်းအုန်းနှင့်​ ကျ​ရောက်​လာပါ​သော ​ရိုက်​ချက်​​တွေ။
ခေါင်းအုံးနှင့်​ လူကို အားမနာတမ်းရိုက်​​နေ​သော လက်​တို့ကို ဖမ်းချုပ်​ပြီး အရှိန်​​ကြောင့်​လူ​ပါ သူ့အ​ပေါ်ပိသွားရသည်​။

"အင့်​!"

သူ့အ​ပေါ်ရုတ်​တရက်​​ရောက်​သွား​တော့ လန့်​ဖြန့်​ကာ ထွက်​လာ​သော သူ့နှုတ်​ဖျားမှ အာ​မေဍိဏ်​သံယဲ့ယဲ့။

"ထ ​ရေသွားချိုး​တော့"

ပြူး​ကြောင်​​ကြောင်​နှင့်​ ကြည့်​​နေ​သော ထို​ကောင်​​လေး​လေးမှာ ​ကြောင်​​ပေါက်​​လေးသဖွယ်​။ မရည်​ရွယ်​ပါဘဲ သူ့မျက်​နှာနားတိုးကပ်​သွား​တော့ ဆက်​ခနဲ တွန့်​သွားသည်​။ အ​တော်​​ နောက်​လို့​ကောင်းတဲ့​ကောင်​။ နှာ​ခေါင်းထိပ်​ချင်း ထိကပ်​သွားသည်​အထိ တိုး​လိုက်​​တော့.......

"ဖယ်​....ဖယ်​​တော့ သွား​တော့မယ်​"

အုပ်​မိုး​ထား​သော ခန္ဓာကို မရှိမဲ့ရှဲမဲ့အားနှင့်​ တွန်းဖယ်​ကာ ​ပြေးထွက်​သွားသည်​။
ခပ်​နီနီရဲသွား​သော ပါးပြင်​​လေးကိုလည်း မြင်​ဖြစ်​​အောင်​ မြင်​လိုက်​ပါ​သေး။
စောင်​ကိုလုံး​ထွေး​အောင်​ပတ်​ပြီး ​ပြေးသွား​သော ​အ​ကောင်​ငယ်​​လေးဟာ အ​ဖြောင့်​လို့ ယုံရက်​စရာမရှိပါ။
မျက်​လုံးများပြန်​မှိတ်​ကာ အိပ်​စက်​ခြင်းဆီ ခနတာအလည်​သွားခဲ့ပြန်​သည်​။

Comes To You Where stories live. Discover now