Chapter-1

9.3K 202 16
                                    

အိမ်​​ရှေ့တံခါးကိုတဒုန်းဒုန်းထုသံ​ကြောင့်
Tiffany တစ်​​ယောက်​နိုးလာ၏။ သူမ​ဘေးက​နေရာကိုလှည့်​ကြည့်​မိ​တော့ ဘယ်​သူမှမရှိ~နံရံ​ပေါ်က နာရီ​လေးကိုတစ်​ချက်​လှမ်းကြည့်​တော့ ည ၁ နာရီထိုး​နေပြီ

"FANY YAHHHH"

တိုက်​ခန်းအပြင်​ဘက်​က​နေ သူမရင်းနှီး​နေတဲ့အသံနဲ့ သူမနာမည်​ကိုလှမ်း​အော်​​ခေါ်သံကြားသည်​။

*​ကျေးဇူးပြုပြီး ထပ်​မဖြစ်​ပါ​စေနဲ့~*

Tiffany တစ်​​ယောက်​ဆု​တောင်းပြီး အိပ်​ရာ​ပေါ်က​နေထကာ အိမ်​​ရှေ့ခန်းဆီသွား
လိုက်​၏။ဧည့်​ခန်းမီးကိုဖွင့်​ကြည့်​​တော့
အိမ်​​ရှေ့တံခါးကို​နောက်​​ကျောမှီထားကာ
ခေါင်းငိုက်​စိုက်​ကြ​နေတဲ့ ခန္ဓာကိုယ်​တစ်​ခုကို​တွေ့လိုက်​ရသည်​။

"Tae မူးလာပြန်​ပြီလား??"

သူမခင်​ပွန်းကိုသတိထား​မေးပြီး အနားကိုတိုးသွား၏။Tiffany အနည်း
ငယ်​​ကြောက်​​နေရှာသည်​။Taeyeon ဆတ်​ခနဲ ​ခေါင်း​မော့လာကာ သူမကိုစိုက်
ကြည့်​၏။

"ငါ့ရဲ့ Fany baby ​လေး"

Taeyeon သူမမျက်​နှာကိုအသာအယာ​ပွတ်​သပ်​​နေ၏

"Tae ဘာဖြစ်​လို့လဲ?ကုမ္ပဏီမှာပြဿနာ​ပေါ်လို့လား?"

Tiffany သတိထားပြီး​မေးလိုက်​​ပေမယ့်
မှားသွားပြီဆိုတာ သူမနားလည်​လိုက်​၏။
Taeyeon ကအလုပ်​အ​ကြောင်း​ပြောတာကို အရမ်းမုန်းတာ

"အလုပ်​အ​ကြောင်း​တွေမ​ပြောစမ်းနဲ့"

Taeyeon ​အော်​လိုက်​ပြီး သူမကိုယ်​​လေးကိုနံရံဆီသို့ပစ်​တွန်းသည်​။Tiffany ​ကျောအရမ်း​အောင့်​သွားရှာ၏။အဲ့ဒီ​နောက်​ သူမခင်​ပွန်းအနားကပ်​လာပြီး သူမနှုတ်​ခမ်း​တွေကိုမွတ်​သိပ်​စွာနမ်းသည်​။

"ငါမင်းကို ဒီအတွက်​လို​နေပြီ~Baby"

Taeyeon သူမကိုထပ်​နမ်းချင်​​နေ​ပေမယ့်​ Tiffany ​ရှောင်​၏

"No~Tae!အခုမလုပ်​ပါနဲ့​နော်​~~~please!နင်​မူး​နေတယ်​"

မူး​နေတဲ့ Taeyeon နဲ့ Sex ဖြစ်​ရတာက Tiffany အတွက်​​တော့အိမ်​မက်​ဆိုးကြီးပါပဲ

Marriage Where stories live. Discover now