Tiffany ပြောလိုက်ကမှ Sooyoung တစ်ယောက် Taeyeon ကို တစ်လှည့် ဘေးက Jessica ကို တစ်လှည့် သေချာကြည့်လိုက်ပြီး သဘောပေါက်သွားသည်။

* Tiff နင် ဘာတွေ လျှောက်လုပ်နေပြန်ပြီလဲ.? *

Sooyoung တစ်ယောက် အတွေးများစွာနဲ့

Soo - " သူတို့က.? "

Fany - " သူက Kim Taeyeon တဲ့ ငါ့ချစ်သူပေါ့ နင့်ဘေးကတစ်ယောက်က Tae Tae ရဲ့သူငယ်ချင်း Jessica Jung တဲ့ "

Soo - " aww!! တွေ့ရတာ ဝမ်းသာပါတယ်
Taeyeon shii နဲ့ Sica shii! chaw နာမည်က Choi Sooyoung  ပါ "

Sica - " Nae!! 😊"

Tae - " ဟုတ် chaw လဲ တွေ့ရတာ ဝမ်းသာပါတယ် "

ထို့နောက် Tiffany က မှာစရာရှိတာ မှာပြီး သူ့ Tae Tae ကို မုန့်တွေ ခွံကျွေးလိုက် ပါးစပ်ကို တစ်ရှုးနဲ့ သုတ်ပေးလိုက် သူ့ကို မုန့်ပြန်ကျွေးခိုင်းလိုက်နဲ့ အလုပ်တွေ များနေတာကို Sooyoung နဲ့ Jessica ကတော့ ဒီတိုင်း ကြည့်နေမိလေသည်။

Sica's mind:* ငါ ဝမ်းသာပါတယ် Taengoo ရယ် နင့်ကို အရမ်းချစ်တဲ့သူနဲ့ နင်ချစ်တဲ့သူ တထပ်တည်းကျနေတာကို သူနဲ့ဆို နင်ပျော်ရွှင်ရမှာ သေချာပါတယ်😢 *

Sooyoung ကတော့ coffee ကို တစ်ချက်ငုံ့ သောက်လိုက်ပြီး Jessica ကို ကြည့်လိုက်ကာ
ဘယ်သူမှ မသိအောင် သက်ပြင်းအသာလေးသာ ချလိုက်သည်။

Soo's mind:* mianae Tiff !😔😔 နင့်အစီအစဉ်တွေကို နှောင့်ယှက်တာ မဟုတ်ပေမဲ့ ဒီကိစ္စတွေကြားထဲ ငါ ဝင်ပါမှ ဖြစ်တော့မယ် နင့်ရဲ့ မထားသင့်တဲ့ အတ္တတွေကြောင့် လူနှစ်ယောက်ရဲ့နှလုံးသား နာကျင်ရမှာကို ငါကြည့်မနေနိုင်ဘူး 😪*

Fany's mind:* အဟင်း😏😏 ကြည့်စမ်းပါ Jessica ! နင်ချစ်တဲ့သူက ငါ့ကိုပဲချစ်တယ်ဆိုတာ
ငါ့အတွက် အခု နင်ခံစားနေရတဲ့ပုံကို မြင်ရတာ အရသာ အရှိဆုံးပဲ😈 *

Soo - " ကဲ Tiff ! သွားရအောင် ငါတို့ထွက်လာတာလဲ ကြာပြီ "

Fany - " ငါမလိုက်တော့ဘူး Soo!! company က အလုပ်တွေ ငါကူသင့်သလောက် ကူပြီးပြီပဲ ငါအခု Tae Tae နဲ့ အပြင်သွားစရာ ရှိလို့ "

Tae - " ဟင် ဘယ်လဲ.? Fany!! "

Fany - " ကစားကွင်း သွားမယ် ရုပ်ရှင်သွားကြည့်မယ် shopping ထွက်မယ်လေ ဒီနေ့ နေလည်ပိုင်း Tae Tae ကျောင်းပျက်လိုက်တော့ "

LOVE is PAIN!Where stories live. Discover now