2

4.6K 292 50
                                    

မနက်နိုးလာတော့ အနည်းငယ် ၀ါးတားတားဖြစ်နေသော မျက်လုံး လူတစ်ယောက်ယောက်ကို မြင်နေသလိုလို... သေချာ မျက်လုံးပွတ်ပြီး ကြည့်လိုက်တော့ ဘယ်သူမှ မရှိ...

ဘေးနားက wheelchairပေါ် ကြိုးစားပြီး ထိုင်လိုက်ကာ...  Hyungကို အော်ခေါ်မို့ဆိုပေမယ့် မနေ့ညက အိပ်မက်လိုလို ဖြစ်ရပ်ကြောင့် ပြတင်းပေါက်ဘက်သို့ သွားကာ ပြတင်းပေါက်ကို ဖွင့်လိုက်တော့... ဘာမှ မရှိ....

" နိုးနေပြီလား "

နောက်က hyungအသံကြောင့် ခေါင်းသာငြိမ့်ပြမိသည်...

" လာ.. Hyung မျက်နှာသစ်ပေးမယ်... ပြီးရင် ဘေးအိမ်က ahjimaက သူ့သား မွေးနေ့ပွဲမို့ ဖိတ်ထားသေးတယ်... "

" ကျွန်တော် မလိုက်ချင်ဘူး "

" ယဉ်ကျေးမှုဆိုတာ ရှိသေးတယ် kookieရ... လိုက်ခဲ့လိုက်ပါ....မိတ်ဆွေလည်း ဖွဲ့ရင်းပေါ့ "

" မုန်းတယ်... အရမ်းမုန်းတယ် ကျွန်တော့် ဘ၀ကို... "

မျက်ရည်တွေက ဆက်တိုက် စီးကျလာသဖြင့် မျက်နှာသစ်ပေးရန် ပြင်နေသော hoseokမှာလည်း အံ့သြစွာ...

" ခုလိုမျိုး ဒုက္ခိတ ပုံစံနဲ့ ဘာလို့ အသက်ရှင်နေရဦးမှာလဲ... သေတာကမှ ကောင်းဦးမယ်... အားးး!! "

" Kookie... စိတ်ထိန်းစမ်းး hyungရှိတယ်လေ..မင်းဘေးမှာ.... ခြေထောက်ကပြန်ကောင်းလာမှာပါဆို... နည်းနည်းလောက်တော့ သည်းခံလိုက်နော်.. wuri kookie... "

တစ်ခုခုကို အခြားလူကို အားကိုးနေရတာကြီးကို မုန်းလှပြီ... ကိုယ့်အားကိုယ် မကိုးနိုင်ဘူး ကိုယ့်စိတ်ကြိုက်လုပ်ရတာလည်း ဘာမှ မရှိဘူးး
ပြီးတော့ Noona..  ခုလိုမျိုးပုံစံဖြစ်သွားတော့ အထင်သေးတဲ့အကြည့်တွေနဲ့ နှလုံးသားကို အစိတ်စိတ်အမြွာမြွာ ဖြစ်အောင် လုပ်သွားနိုင်သူ... သိပ်ခံရခက်တယ်... ဟောဒီနှလုံးသားက....
ကျစ်#### ပြန်စဉ်းစားလိုက်တိုင်း ကိုယ့်ဘ၀ကိုယ် ရွံမုန်းသည်....

အကုန်ပြင်ဆင်ပြီးတော့ မွေးနေ့ပွဲရှိတယ်ဆိုတဲ့ ဘေးအိမ်ကို ထွက်လာခဲ့သည်.... မျက်နှာချင်းဆိုင်အိမ်ကြီးမှ ကောင်လေးတစ်ယောက်က လက်ယပ်ခေါ်နေသလိုပဲ... ကျွန်တော် ခေါင်းကိုငုံ့ကာ တစ်ချက်ခါလိုက်ပြီး ပြန်ကြည့်လိုက်တော့ မရှိတော့...

MONSTER  [COMPLETED]Where stories live. Discover now