Part 1 _ My dream came true?

ابدأ من البداية
                                    

မိဘတွေကိုလား..ကျွန်တော်မပြောပြပါဘူး..ကျွန်တော့်ကို အရူးလို့ထင်ကြမှာမလိုချင်ဘူး..မိဘမှမဟုတ်ဘူး..ဘယ်သူ့ကိုမှမပြောပြဘူး..ပီးတော့ ဘာမှန်းမသိတဲ့ အိမ်မက်က ညမှာမက်ပီး.. မနက်ဆိုပျောက်သွားတာပဲလေ..အဲ့တော့..ကျွန်တော် ဒီလိုလပြည့်ညမျိုးပဲ..ဒုက္ခခံလိုက်တယ်..မနက်ကျရင် ဘာမှမဟုတ်တော့ဘူး..

"Arshi ..စိုကုန်ပီကွ..ဟယ်.. မနက် ၅ နာရီတောင်ရှိနေပါရောလား.."

ဘယ်လောက်ထိတောင် စဉ်းစားလိုက်သလဲဆိုရင်..အချိန်တွေ ကုန်နေတာကို မသိလိုက်သလို..ဘေးက ထောင်ထားတဲ့ ရေခဲရေဘူး မအေးတော့တာတောင် သတိမထားမိဘူး..ရေခဲရေဘူးလေးခမျာ..ဘေးကိုအရည်တေပျော်ကျပီး..သူ့ရဲ့ညဝတ်ဘောင်းဘီလေးကိုလာစိုတော့မှပဲ..မနက်၅နာရီဆိုတာသိလိုက်ရတော့တယ်..

" တော်ပီ.. ထိုင်နေရတာ.. ဖင်တောင်ကျိန်းနေပီ..ရေလေးဘာလေးသွားချိုးဦးမှ..ဟွန့်.."

ကျွန်တော့နာမည်..Byun Baekhyun ပါ..
အဖေ Byun Jongdae နဲ့ အမေ Byun Minseok တို့ရဲ့ တစ်ဦးတည်းသောသားပါ.. ကျွန်တော့်ကိုတစ်ဦးတည်းသောသားမို့ အရမ်းစိတ်ချမ်းသာမယ်ထင်ရင်.. ခင်ဗျားတို့မှားသွားမာပေါ့..ဘာလို့လဲဆိုတော့..ကျွန်တော့မာ အရမ်းဆိုးပီး..အသံအရမ်းပြဲတဲ့အဖေ တယောက်ရှိတယ်လေ..

သူ့အလုပ်က အရမ်းဆိုးတယ်..'" ရဲ '"တဲ့ဗျာ.. အာ့တော့ ခဏခဏ အိမ်ပြောင်းရတယ်..အရမ်းစိတ်ပျက်ဖို့ကောင်းတဲ့ကိစ္စကြီးပါဗျာ..ကျွန်တော့မှာကျောင်းလည်းကောင်းကောင်းမတက်ရ..သူငယ်ချင်းလေးရမယ်ကြံရင်..ပြောင်းရပြန်ပီ..ကျွန်တော် Korea ကိုအရမ်းလွမ်းတယ်..ကျွန်တော့ဇာတိလေ..အာ့မှာငယ်ငယ်ထဲက ပေါင်းလာတဲ့သူငယ်ချင်းတေရှိတယ်..သူတို့ကို အရမ်းသတိရတယ်..
Baek သူ့အတွေးတေကိုရပ်ပီး..စိတ်ညစ်ညစ်နဲ့..
ရေနွေးနွေးထဲမာ..တော်တော်ကြာအောင်စိမ်နေလိုက်တယ်..ပါးစပ်ကလည်း..သီချင်းလေးညည်းရင်းပေါ့..

"ခုလိုကျတော့လည်း..နေရတာ..အဆင်ပြေသားပဲ..

ရေချိုးပီးတော့ ဗီရိုထဲက.. ပေါ့ပေါ့ပါးပါးဖစ်မယ့်.အပေါ်က တီရှပ်အဝာလေးနဲ့..အောက်ကတော့ ဒူးအထက်..ဘောင်းဘီတိုအဖြူလေးပဲဝတ်လိုက်တယ်..လက်ကလည်း..ရေမခြောက်သေးတဲ့ ဆံပင်ကိုဖွပီး..အောက်ထပ်ကိုဆင်းလာခဲ့တယ်..

🌠🌠Dreamland🌠🌠 [COMPLETED] (Z+U)حيث تعيش القصص. اكتشف الآن