တံခါးဖွင့်​လိုက်​​သောအခါ...ထင်​သည့်​အတိုင်း...သူဖြစ်​​နေ​လေသည်​...သူဆိုသည်​မှာ...

"Nini..."

"Hun...ya..."

"အင့်​..."

Hun...ya...ဆိုပြီး ကျ​တော်​နာမည်​ကိုငိုသံကြီးနဲ့သံရှည်​ဆွဲ​ခေါ်ပြီး ရင်​ခွင်​ထဲကိုပစ်​ဝင်​လာသည့်​အတွက်​ အ​နောက်​ကိုပင်​ယိုင်​မသွား​စေရန်​ ကျ​တော်​ကိုယ်​ကိုထိန်း၍ သူကိုလည်းပြန်​ဖက်​လိုက်​ရင်း...ဟူး...

"Hun...ဟင့်​...ဟင့်​...sob...sob..."

ထပ်​ဖြစ်​လာပြန်​ပြီလားကွာ သူဒီလို​တွေငိုပြီး ကျ​တော်​စီ​ရောက်​လာတိုင်း ကျ​တော်​ရင်​နင့်​​အောင်​ခံစားရတယ်​ဆိုတာ​တော့ ခုကျ​တော်​ရင်​ခွင်​ထဲဝင်​ပြီး ငို​နေတဲ့​ကောင်​​လေး​တော့ သိမယ်​မထင်

ဖြစ်​လာတဲ့ ကိစ္စကို ရိပ်​မိပင်​မဲ့ မသိချင်​​ယောင်​​ဆောင်​ကာ

"ဘာဖြစ်​လာပြန်​တာလဲ...Nini..."

"ဟင့်​...ဟင့်​...သူက​လေ...သူက...sob..."

"ကဲ...တိတ်​​တော့...မငိုနဲ့​တော့...ခုကအခန်း​ပေါက်​ဝကြီးမှာ​နော်​...အထဲ​ရောက်​မှ​ပြော​နော်​"

ရင်​ခွင်​ထဲဝင်​၍ငို​နေ​သော​ကောင်​​လေးအား ​ခေါင်း​လေးကိုညင်​သာစွာ ပွတ်​လိုက်​ပြီး​ချော့​မော့ကာအထဲကို တွဲ၍ဝင်​လာ​စေကာ ရှုပ်​ပွ​နေ​သောအခန်းမှာမှ အနည်းငယ်​ရှင်း​သော ဧည့်​ခန်းတွင်​ထိုင်​​စေကာ

"သူနဲ့ဖြစ်​လာပြန်​ပြီလား..."

"ဟုတ်​တယ်​...ဒီခါသူမမိုက်​ဘူးဟာ...ငါ...ငါနဲ့...ပြတ်​မယ်​တဲ့...Hun ya...ဟင့်​...sob...sob"

သူ​ပြောတဲ့အ​ကြောင်းအရာသည်​ ရှင်းရှင်း​ပြောရရင်​ ကျ​တော်​အ​ရေအတွက်​​တော်​​တော်​များများကြားဖူးပြီးသား သူအဲ့လိုဖြစ်​လာတိုင်း ကျ​တော်​စီကို​ရောက်​လာမြဲ
ကျ​တော်​​ရှေ့မှာ ကျ​တော်​အရမ်းချစ်​တဲ့ သူ့ကို ငို​အောင်​လုပ်​တဲ့လူအ​ကြောင်းကိုကြား​နေရမြဲ
သူအဲ့လိုဖြစ်​လာတိုင်း ကျ​တော်​ကပဲအမြဲ သူမငို​အောင်​ ​ချော့​မော့ရမြဲ သူစိတ်​​ပျော်​ရွှင်​​အောင်​လုပ်​​ပေးရမြဲ
ဒီလို​တွေလုပ်​​ပေး​နေတယ်​ဆိုတာ သူက​တော့ထင်​မှာပဲ သူငယ်​ချင်းတစ်​​ယောက်​အ​နေနဲ့ ကူညီတယ်​လို့
တကယ်​​တော့ သူကိုကျ​တော် အရမ်းချစ်​လို့ သူငို​နေတာ မမြင်​ချင်​လို့ဆိုတာ​တော့ သူက​တော့မသိ

Alright Alright {SeKai}Where stories live. Discover now