To wendy

1.2K 113 2
                                    

မိန်းကလေးငယ်...
October ရဲ့ပထမအပတ်မှာ ရှင့်ကိုစတင်သိခွင့်ရခဲ့ပါရဲ့...
မြတ်နိုးရဆုံးသော ငယ်က
အမြတ်တနိုးနဲ့ ရှင့်ကို ပွဲထုတ်ခဲ့တာလေ...

ဆုံးဖြတ်ချက်တစ်ခုခုကိုလွယ်လွယ်မချတတ်တဲ့
ငယ်ဟာ..ရှင့်ကိုအမြတိတနိုးနဲ့ သူကျင်လည်ရာအသိုင်းအဝိုင်းမှာ ကိုယ်တိုင် ချပြခဲ့တာကြည့်ရင်. သူရှင့်ကို ဘယ်လောက်ထိ အလေးအနက်ထားမှန်း သိသာလွန်းပါရဲ့..
ရှင်ဟာ သိပ်ကို ကံကောင်းတဲ့ သူပါ..
မိန်းကလေးငယ်..

တစ်ခါတုန်းက ရှင့်ကို အိမ်ပြန်ပို့တဲ့ မြင်ကွင်း
မှာ..ငယ် ရှင့်ကို အမြတ်တနိုးကြည့်နေတဲ့မြင်ကွင်းတွေ...
ရှင့်ကိုသိပ်ကိုမနာလိုပြီး သိပ်ကိုသဝန်တိုမိပါတယ်..

မိန်းကလေးငယ်...
ငယ်ဟာရှင့်အပိုင်ဖြစ်နေပေမယ့်
ကျွန်မသဝန်တိုပါတယ်..
ရှင့်ချစ်သူဟာ ငယ်ဖြစ်နေလို့
ကျွန်မရှင့်ကိုမုန်းမိပါတယ်..
မိန်းကလေးငယ်...
ငယ် ပင်ပန်းချိန်တိုင်း နှစ်သိမ့်အားပေးခွင့်ရတဲ့
သူဟာ ရှင်ဖြစ်နေလို့
ကျွန်မ ရှင့်ကိုမုန်းပါတယ်..
ဝမ်းနည်းနာကျင်ချိန်တိုင်း ငယ်
အနားမှာ ရှင်ရှိနေလို့ ကျွန်မရှင့်ကိုမုန်းမိပါတယ်..

ငယ်ရှင့်ကိုချပြခဲ့တဲ့အချိန်ကပေါ့ မိန်းကလေးငယ်..
ကျွန်မတို့ရဲ့ ကလေးငယ်ဟာ..
ရှင့်ကို ရင်ခွင်ထဲထည့်ပွေ့ချီလို့
အမြတ်တနိုးငုံ့ကြည့်နေခဲ့တဲ့ ပုံရိပ်လေးကို
ကျွန်မမြင်ခဲ့ရပါတယ်..
အဲ့အခိုက်အတန့်မှာ ကျွန်မတွေးမိတယ်..
ရှင်ဟာဘယ်လောက်တောင်များလှပနေလို့
ငယ်ဟာ ကျွန်မတို့ကို
စွန့်ပစ်ရက်ပါသလဲလို့..

မိန်းကလေးငယ်..
ရှင်ဟာ သိပ်လှပါတယ်..
သိပ်ချစ်စရာကောင်းပါတယ်..
မျိူးရိုးကောင်းပြီးအသက်ငယ်တာက
ရှင့်အားသာချက်ဖြစ်ပြီး...
သိပ် ထူးချွန်ပြီး သိပ်ချောမောတဲ့ချစ်သူကို
ပိုင်ဆိုင်ခွင့်ရထားတာက ရှင့်ရဲ ့ကံကောင်းခြင်းဖြစ်ပါလိမ့်မယ်..

ငယ်က ရှင့်ကိုကြင်နာတယ်..မြတ်နိုးတယ်.
ငယ်က ရှင့်ကို ချစ်တယ်...
အဲ့အကြောင်းကြောင့်ပဲ ကျွန်မရှင့်ကို
မုန်းပါတယ်...
တန်ဖိုးထားရတဲ့ ငယ့်ကို လုယူသွားတဲ့
ရှင့်ကို ကျွန်မခါးခါးသီးသီးကို မုန်းပါတယ်..
မုန်းတာမို့ ကျွန်မကိုအပြစ်မတင်ပါနဲ့
မိန်းကလေးငယ်..

Peterဟာ Tinkerbellလေးကို
လစ်လျူရှူပြီး wendyကို ရွေးချယ်သွားတဲ့အခါ
Tinkerbellလေးဟာ wendyကို
မုန်းခွင့်ရှိတယ်မလား ...
ရှင့်ကို မုန်းတယ် မိန်းကလေးငယ်..။

Tinkerbell-Luwei
#1622018

For wendyWhere stories live. Discover now